ရှင်ယောဟန်ဩဝါဒစာပထမစောင် 5:10
ဘုရားသခင်၏သားတော်ကိုယုံကြည်သူသည် ထိုသက်သေခံချက်ကိုစိတ်နှလုံးထဲတွင်မှတ် ကျုံးထား၏။ ဘုရားသခင်ကိုမယုံကြည်သူ သည်ကား သားတော်အကြောင်းကိုယ်တော်သက် သေခံတော်မူသည်ကိုမယုံကြည်သဖြင့် ဘုရားသခင်အားမုသားသုံးသည်ဟုဆို ရာရောက်၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 5
Cross References
Numbers 23:19ဘုရားသခင်သည်လူကဲ့သို့မုသားစကား ကိုမပြော။ လူကဲ့သို့စိတ်ပြောင်းလဲတော်မမူ။ ကတိတော်အတိုင်းပြုတော်မူ၏။ အမိန့်တော်အတိုင်းဖြစ်ပျက်တတ်၏။
Psalms 25:14ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့နှင့်မိတ်သဟာယဖွဲ့တော် မူ၏။ သူတို့အတွက်ကိုယ်တော်၏ပဋိညာဉ်တရား တော်ကို တည်မြဲစေတော်မူ၏။
Isaiah 53:1ပြည်သူတို့က၊ ``ငါတို့ယခုဖော်ပြသည့်သတင်းကိုအဘယ် သူသည် ယုံကြည်ပါလိမ့်မည်နည်း။ ဤအဖြစ်အပျက်တွင်ထာဝရဘုရား၏ လက်ရာတော်ကိုအဘယ်သူတွေ့မြင်နိုင် ပါလိမ့်မည်နည်း။
John 3:16ဘုရားသခင်သည်လောကသားတို့ကိုလွန်စွာ ချစ်တော်မူသဖြင့် သားတော်အားယုံကြည်သူ အပေါင်းတို့သည်ပျက်စီးဆုံးပါးခြင်းမရှိ ဘဲ ထာဝရအသက်ကိုရစေခြင်းငှာ မိမိ ၏တစ်ပါးတည်းသောသားတော်ကိုစွန့်တော် မူ၏။-
John 5:38ခမည်းတော်စေလွှတ်တော်မူသောသူကို မယုံကြည်ကြသဖြင့် နှုတ်ကပတ်တော်သည် သင်တို့၏စိတ်နှလုံးတွင်မကိန်းအောင်း။-
Romans 8:16ငါတို့သည်ဘုရားသခင်၏သားများဖြစ် ကြကြောင်းကိုဝိညာဉ်တော်ကိုယ်တိုင်ပင်လျှင် ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော် မူ၏။-