ရှင်ယောဟန်ဩဝါဒစာပထမစောင် 5:14
ကိုယ်တော်သည်မိမိ၏အလိုတော်နှင့်အညီ တောင်းလျှောက်သောပတ္ထနာကိုနားညောင်းတော် မူကြောင်းစိတ်ချယုံကြည်နိုင်သဖြင့် ငါတို့ သည်ရှေ့တော်သို့ရဲဝံ့စွာချဉ်းကပ်ကြပေသည်။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 5
Cross References
Psalms 31:22ကိုယ်တော်ရှင်သည်ငါ့အားရှေ့တော်မှောက်မှ နှင်ထုတ်တော်မူလေပြီဟူ၍ ငါသည်ကြောက်လန့်စိုးရိမ်မိပါ၏။ သို့ရာတွင်အထံတော်သို့ကူမတော်မူရန် ငါအော်ဟစ်သောအခါ၊ကိုယ်တော်ရှင်သည် ငါ၏အော်ဟစ်သံကိုကြားတော်မူ၏။
Psalms 69:33ထာဝရဘုရားသည်ချို့တဲ့နွမ်းပါးသူတို့၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၏။ အကျဉ်းခံနေရသောမိမိ၏လူစုတော် အား မေ့လျော့တော်မမူပါ။
Jeremiah 29:12ထိုအခါသင်တို့သည်ငါ့အားဟစ်ခေါ်ကြ လိမ့်မည်။ ငါ့ထံသို့လာ၍ဆုတောင်းပတ္ထနာ ပြုကြလိမ့်မည်။ ငါသည်လည်းသင်တို့၏ပန် ကြားချက်ကိုနားညောင်းမည်။-
Matthew 7:7``တောင်းကြလော့။ တောင်းလျှင်ရကြလိမ့်မည်။ ရှာ ကြလော့။ ရှာလျှင်တွေ့ကြလိမ့်မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင်တံခါးကိုဖွင့်ပေး လိမ့်မည်။-
John 9:31ဘုရားသခင်သည်အပြစ်ကူးသူတို့၏ဆု တောင်းပတ္ထနာကိုနားညောင်းတော်မမူပါ။ ကိုယ် တော်အားကိုင်းရှိုင်းရိုသေလျက်အလိုတော် အတိုင်း လုပ်ဆောင်သောသူ၏ဆုတောင်းပတ္ထနာ ကိုသာနားညောင်းတော်မူပါ၏။-
John 14:13သားတော်အားဖြင့်ခမည်းတော်ဘုန်းအသရေ ထွန်းတောက်စေအံ့သောငှာငါ့နာမကိုအမှီ ပြု၍ သင်တို့တောင်းလျှောက်သမျှအတိုင်း ငါပြုမည်။-