ရှင်ယောဟန်ဩဝါဒစာပထမစောင် 5:6
ယေရှုခရစ်သည်ရေအားဖြင့်ဗတ္တိဇံကိုခံ တော်မူလျက်သွေးတော်ကိုသွန်း၍ အသေခံ တော်မူလျက်ကြွလာတော်မူသောအရှင်ပေ တည်း။ ကိုယ်တော်သည်ရေအားဖြင့်သာကြွလာ တော်မူသည်မဟုတ်။ ရေအားဖြင့်လည်းကောင်း၊ သွေးအားဖြင့်လည်းကောင်းကြွလာတော်မူပေ သည်။ ဝိညာဉ်တော်သည်သမ္မာတရားဖြစ်၍ကြွ လာတော်မူကြောင်းကိုသက်သေခံတော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 5
Cross References
Leviticus 17:11သတ္တဝါတိုင်း၏အသက်သည်သွေး၌တည်သော ကြောင့် ထာဝရဘုရားသည်လူတို့၏အပြစ် ပြေစေရန်အတွက် သွေးဟူသမျှကိုယဇ်ပလ္လင် ပေါ်သို့သွန်းလောင်းရမည်ဟုပညတ်တော် မူ၏။ သွေးသည်အသက်ဖြစ်၍ အပြစ်ကို ပြေစေ၏။-
Ezekiel 36:25ငါသည်သင်တို့ကိုသန့်စင်သောရေဖြင့်ပက် ဖြန်း၍ သင်တို့၏ရုပ်တုများနှင့်အခြား ညစ်ညမ်းသည့်အရာရှိသမျှမှသန့်စင် သွားစေမည်။-
Matthew 26:28ဤစပျစ်ရည်ကားဘုရားသခင်၏ပဋိညာဉ် တော်ကိုတံဆိပ်ခတ်သော၊ လူတို့အပြစ်ပြေ လွှတ်ရန်အတွက်သွန်းသောငါ၏သွေးဖြစ်၏။-
Luke 22:20ထိုနည်းတူစွာညစာစားပြီးနောက်စပျစ် ရည်ခွက်ကိုလည်းယူတော်မူလျက် ``ဤခွက် ကားသင်တို့အတွက်သွန်းသောငါ၏သွေး အားဖြင့်ပြုသောဘုရားသခင်၏ပဋိညာဉ် တရားသစ်ဖြစ်၏။
John 3:5သခင်ယေရှုက ``အမှန်အကန်သင့်အားငါ ဆိုသည်ကား၊ ရေနှင့်ဝိညာဉ်တော်အားဖြင့်မွေး ဖွားလာသူမဟုတ်လျှင် အဘယ်သူမျှဘုရား သခင်၏နိုင်ငံတော်သို့မဝင်ရ။-
John 4:14ငါပေးမည့်ရေကိုသောက်သူမူကားအဘယ် အခါမျှရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ၏အတွင်း၌ထာဝစဉ်စမ်းပေါက်လျက် သူ့ အားထာဝရအသက်ကိုရရှိစေလိမ့်မည်'' ဟုမိန့်တော်မူ၏။