2 ဓမ္မရာဇဝင်တတိယစောင် 1:20
အရှင်မင်းကြီး၊ အရှင့်အရိုက်အရာကိုဆက်ခံ၍ နန်းတက်မည့်သူမှာအဘယ်သူဖြစ်ကြောင်းမိန့် ကြားတော်မူရန် ဣသရေလအမျိုးသားတစ်ရပ် လုံးသည်အရှင့်အားစောင့်မျှော်လျက်နေကြ ပါ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 1
Cross References
1 Chronicles 22:8သို့ရာတွင်ထာဝရဘုရားကငါသည် လူအမြောက်အမြားကိုသတ်ခဲ့သူ၊ စစ်ပွဲ အမြောက်အများကိုဝင်ခဲ့သူဖြစ်သဖြင့် ငါဖြစ်ပွားစေခဲ့သည့်သွေးထွက်သံယိုမှု အပေါင်းကိုအကြောင်းပြု၍ ငါ့အားဗိမာန် တော်တည်ဆောက်ခွင့်ကိုပေးတော်မမူ။-
1 Chronicles 28:10ထာဝရဘုရားသည်မိမိ၏သန့်ရှင်းမြင့် မြတ်သောဗိမာန်တော်ကိုတည်ဆောက်ရန် အတွက် သင့်အားရွေးချယ်တော်မူပြီဖြစ် ကြောင်းသင်သိမှတ်ရပေမည်။ သို့ဖြစ်၍ ယခုပင်လျှင်ထိုဗိမာန်တော်ကိုတည် ဆောက်လော့။ အားမာန်တင်း၍တည်ဆောက် လော့'' ဟုမိန့်တော်မူ၏။
2 Chronicles 20:12ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားဖြစ်တော်မူ ပါ၏။ အကျွန်ုပ်တို့သည်ယခုတိုက်ခိုက်ရန်ရောက် ရှိလာသောတပ်မတော်ကြီး၏ရှေ့တွင်ခိုကိုးရာ မဲ့ဖြစ်လျက်နေကြပါ၏။ အဘယ်သို့ပြုရမည် ကိုအကျွန်ုပ်တို့မသိကြပါ။ သို့ရာတွင်ကူမ တော်မူရန်အထံတော်သို့မျှော်ကြည့်ကြပါ၏'' ဟုအသံကျယ်စွာဆုတောင်းပတ္ထနာပြုတော် မူ၏။
Psalms 123:2အစေခံသည်မိမိ၏သခင်ကိုလည်းကောင်း၊ အစေခံမသည်မိမိသခင်မကိုလည်းကောင်း မှီခိုအားထားသကဲ့သို့ ကျွန်တော်မျိုးတို့သည်မိမိတို့၏ဘုရားသခင် ထာဝရဘုရား၏ကရုဏာတော်ကို မခံစားရမချင်းကိုယ်တော်ရှင်အား မျှော်ကြည့်လျက်နေပါမည်။