2 ဓမ္မရာဇဝင်တတိယစောင် 1:40
ထို့နောက်ရွှင်လန်းဝမ်းမြောက်စွာအော်ဟစ်လျက် ပလွေများကိုမှုတ်လျက် မြေကြီးကွဲမတတ် အသံဗလံများကိုပြုကာရှောလမုန်၏ နောက်မှလိုက်ကြ၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 1
Cross References
1 Samuel 4:5ပဋိညာဉ်သေတ္တာတော်ရောက်ရှိသောအခါ ဣသရေလအမျိုးသားတို့သည်ဝမ်းမြောက် သဖြင့် မြေကြီးပဲ့တင်ထပ်မျှကျယ်စွာ ကြွေးကြော်ကြကုန်၏။-
2 Kings 11:14ဗိမာန်တော်အဝင်ဝရှိတိုင်အနီး၌ ယုဒ မင်းတို့ဋ္ဌလေ့ထုံးစံရှိသည့်အတိုင်းရပ် လျက်နေသောဘုရင်သစ်ကိုလည်းကောင်း၊ တပ်မှူးများနှင့်တံပိုးခရာမှုတ်သူများ သည် မင်းကြီးကိုခြံရံလျက်လူအပေါင်း တို့ကလည်း ဝမ်းမြောက်ရွှင်လန်းစွာကြွေး ကြော်လျက် တံပိုးခရာများကိုမှုတ်လျက် နေကြသည်ကိုလည်းကောင်းမြင်လျှင် မိမိ၏အဝတ်ကိုဆုတ်လျက်``ပုန်ကန်မှု ပါတကား၊ ပုန်ကန်မှုပါတကား'' ဟု အော်ဟစ်၏။
1 Chronicles 12:38တိုက်ပွဲဝင်ရန်အသင့်ရှိသောဤစစ်သူရဲ အပေါင်းတို့သည် ဒါဝိဒ်အားဣသရေလနိုင်ငံ တစ်ဝှမ်းလုံးကိုအစိုးရသောဘုရင်အဖြစ်ဖြင့် ချီးမြှောက်ကြရန်သန္နိဋ္ဌာန်ပြုလျက်ဟေဗြုန်မြို့ သို့သွားကြ၏။ ကျန်ဣသရေလပြည်သား အပေါင်းတို့သည်လည်း ထိုရည်ရွယ်ချက် ဖြင့်တစ်စိတ်တစ်သဘောတည်းရှိကြ၏။-
Daniel 3:5သင်တို့သည်တံပိုးခရာမှုတ်သံကိုကြား ရပြီးနောက်ပလွေ၊ ပတ်သာ၊ စောင်းကြီး၊ စောင်း ငယ်တို့ကိုတီးမှုတ်သံကိုလည်းကောင်း၊ ထို နောက်အခြားတူရိယာများတီးမှုတ်သံ ကိုလည်းကောင်းကြားကြလိမ့်မည်။ တူရိယာ တီးမှုတ်သံစသည်နှင့်တစ်ပြိုင်နက် နေဗုခဒ် နေဇာမင်းတည်ထားသည့်ရွှေရုပ်ကြီးကို သင်တို့ဦးညွှတ်ရှိခိုးကြစေ။-
Luke 19:37ယေရုရှလင်မြို့သို့ကိုယ်တော်ချဉ်းကပ်လာ စဉ်သံလွင်တောင်အဆင်းလမ်းတွင်တပည့် နောက်လိုက်ပရိသတ်ကြီးသည် မိမိတို့တွေ့ မြင်ခဲ့ရသည့်အံ့သြဖွယ်အမှုအရာအပေါင်း အတွက်ဝမ်းမြောက်ရွှင်လန်းလျက် ဘုရားသခင် ၏ဂုဏ်တော်ကိုအသံကျယ်စွာချီးကူးကြ ၏။-