2 ဓမ္မရာဇဝင်တတိယစောင် 1:53
ထို့နောက်ရှောလမုန်မင်းသည်လူလွှတ်၍ အဒေါနိယအားယဇ်ပလ္လင်မှခေါ်ခဲ့စေ၏။ အဒေါနိယသည်မင်းကြီးထံလာရောက် ၍ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်လျက်နေ၏။ ထိုအခါမင်းကြီးကသူ့အား``သင့်အိမ် သို့ပြန်နိုင်ပြီ'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 1
Cross References
2 Samuel 14:24သို့ရာတွင်မင်းကြီးသည်အဗရှလုံအား နန်းတော်တွင်း၌နေထိုင်ခွင့်မပြုရန်အမိန့် ထုတ်ဆင့်တော်မူ၏။ မင်းကြီးက``ငါသည်သူ့ ကိုမတွေ့မမြင်လို'' ဟုဆို၏။ ထို့ကြောင့် အဗရှလုံသည်ကိုယ်ပိုင်အိမ်တော်တွင်နေ ထိုင်ရသော်လည်းမင်းကြီး၏ရှေ့တော်သို့ ဝင်ရောက်ခွင့်မရချေ။
2 Samuel 14:33သို့ဖြစ်၍ယွာဘသည်မင်းကြီးထံသို့သွား၍ ထိုအကြောင်းကိုလျှောက်ထား၏။ မင်းကြီးသည် အဗရှလုံအားအခေါ်ခိုင်းသဖြင့် အဗရှလုံ သည်လာရောက်၍ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ် လေ၏။ မင်းကြီးသည်သူ့အားနမ်းရှုပ်လေ၏။
1 Kings 1:31ဗာသရှေဘသည်ဦးညွတ်ပျပ်ဝပ်လျက်``ကျွန်မ ၏သခင် အရှင်မင်းကြီးသည်သက်တော်ရှည် ပါစေသော'' ဟုမြွက်ဆိုလေ၏။
Proverbs 24:21ငါ့သား၊ ထာဝရဘုရားကို၎င်း၊ ရှင်ဘုရင်ကို၎င်း၊ ကြောက်ရွံ့လော့။ မတည်ကြည်သောသူတို့နှင့် ရောနှော မပေါင်းဘော်နှင့်။