2 ဓမ္မရာဇဝင်တတိယစောင် 12:24
``သင်တို့သည်သင်တို့၏ညီအစ်ကိုများဖြစ် ကြသောဣသရေလပြည်သူတို့ကိုမတိုက် မခိုက်ကြနှင့်။ ယခုဖြစ်ပျက်ခဲ့သောအမှု သည်ငါ၏အလိုတော်အတိုင်းဖြစ်သဖြင့် သင်တို့အားလုံးမိမိတို့နေရပ်သို့ပြန်ကြ လော့'' ဟုထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုစေတော်မူ၏။ သူတို့အားလုံးသည် လည်းထာဝရဘုရား၏အမိန့်တော်ကို နာခံလျက်မိမိတို့နေရပ်သို့ပြန်သွား ကြ၏။
Common Language Bible
In The King James Version
In Context
23ရောဗောင်မင်းနှင့်တကွယုဒအနွယ်ဝင်နှင့် ဗင်္ယာမိန်အနွယ်ဝင်အပေါင်းတို့အား၊-
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 12
Cross References
Genesis 24:50လာဗန်နှင့်ဗေသွေလတို့က``ဤအမှုကိစ္စသည် ထာဝရဘုရားစီရင်သောအမှုကိစ္စဖြစ်ခြင်း ကြောင့်ကျွန်ုပ်တို့ကအဆုံးအဖြတ်ပေးရန် မလိုပါ။-
Judges 14:4သို့ရာတွင်ထာဝရဘုရားသည်ဖိလိတ္တိအမျိုး သားတို့အား တိုက်ခိုက်ရန်အခွင့်အခါကိုရှာ လျက်ရှိသဖြင့် ရှံဆုန်အားဤအမှုအရာကို ပြုစေတော်မူလျက်ရှိကြောင်းကိုမူသူ၏ မိဘတို့သည်မသိကြ။ ထိုကာလသည်ကား ဣသရေလအမျိုးသားတို့အပေါ်ဝယ် ဖိလိတ္တိအမျိုးသားတို့ကြီးစိုးလျက်နေ သောကာလတည်း။
1 Kings 12:15မင်းကြီးသည်ဤသို့ပြည်သူတို့အားအလေး ဂရုမပြုဘဲနေတော်မူခြင်းမှာ ပရောဖက် အဟိယအားဖြင့်ယေရောဗောင်အားကိုယ်တော် ပေးတော်မူခဲ့သည့်ကတိတော်ကို အကောင် အထည်ပေါ်စေရန်ထာဝရဘုရားအလို ရှိတော်မူသောကြောင့်ဖြစ်၏။
2 Chronicles 25:7သို့ရာတွင်ပရောဖက်သည်မင်းကြီးထံလာ ရောက်၍``ဤဣသရေလစစ်သည်များကိုမင်း ကြီးနှင့်အတူခေါ်ဆောင်မသွားပါနှင့်။ ထာဝရ ဘုရားသည်ဤမြောက်ပိုင်းနယ်မြေသား တို့နှင့်အတူရှိတော်မမူ။-
2 Chronicles 28:9သြဒက်အမည်ရှိထာဝရဘုရား၏ပရော ဖက်သည် ရှမာရိမြို့တွင်နေထိုင်၏။ သူသည် တိုက်ပွဲမှပြန်လာသောဣသရေလတပ်မ တော်ကိုမြို့အဝင်ဝမှဆီးကြိုပြီးလျှင်``သင် တို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရ ဘုရားသည်ယုဒပြည်သူတို့ကိုအမျက် ထွက်တော်မူသဖြင့် သင်တို့အားသူတို့ကို နှိမ်နင်းခွင့်ပေးတော်မူ၏။ သို့ရာတွင်သင် တို့သည်မိမိတို့အမျက်ဒေါသကိုမချုပ် တည်းဘဲသုတ်သင်သတ်ဖြတ်မှုကိုပြုခဲ့ ကြ၏။-