2 ဓမ္မရာဇဝင်တတိယစောင် 14:15
ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် ဣသရေလ ပြည်သည်ချောင်းငယ်တွင်တုန်လှုပ်လျက်နေသော ကူပင်သဖွယ်တုန်လှုပ်သွားလိမ့်မည်။ ဣသရေလ အမျိုးသားတို့သည်ဘိုးဘေးများအားကိုယ်တော် ပေးအပ်တော်မူခဲ့သည့် ဤသာယာသောပြည်တော် မှနုတ်ပယ်ခြင်းကိုခံရကာဥဖရတ်မြစ်တစ် ဖက်ကမ်းသို့ကွဲလွင့်သွားကြလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်သူတို့သည်အာရှရဘုရားမ ရုပ်များကိုပြုလုပ်လျက်ကိုယ်တော်၏အမျက် တော်ကိုလှုံ့ဆော်ကြသောကြောင့်ဖြစ်၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 14
Cross References
Leviticus 26:32ငါသည်သင်တို့၏ပြည်ကိုလုံးဝဖျက်ဆီးပစ် သဖြင့် သင်တို့၏ပြည်ကိုသိမ်းပိုက်သောရန်သူ တို့ပင်လျှင်ထိတ်လန့်ကြလိမ့်မည်။-
Deuteronomy 4:26ထိုသို့မှားယွင်းလျှင်သင်တို့အမျိုးသည် ထို ပြည်မှမကြာမီတိမ်ကောပျောက်ကွယ်ရ လိမ့်မည်ဟု ငါသည်မိုးကောင်းကင်နှင့်မြေ ကြီးကိုတိုင်တည်လျက်ကျိန်ဆို၏။ သင်တို့ သည်ယော်ဒန်မြစ်ကိုကူး၍သိမ်းပိုက်မည့်ပြည် တွင် ကြာရှည်စွာမနေထိုင်ရဘဲတစ်မျိုး လုံးပျက်စီးပျောက်ကွယ်သွားလိမ့်မည်။-
Deuteronomy 28:36``ထာဝရဘုရားသည်သင်တို့နှင့်သင်တို့ ၏ဘုရင်ကို သင်တို့နှင့်သင်တို့၏ဘိုးဘေး များမရောက်ဘူးသောနိုင်ငံရပ်ခြားသို့ ဖမ်းဆီးခေါ်ဆောင်သွားစေတော်မူလိမ့်မည်။ သင်တို့သည်ထိုပြည်တွင်သစ်သားနှင့် ကျောက်နှင့်ထုလုပ်သောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။-
Deuteronomy 29:24ထိုအခါအပြည်ပြည်ရှိလူမျိုးအပေါင်း တို့က `ထာဝရဘုရားသည်သူတို့၏ပြည် ကိုအဘယ်ကြောင့်ဖျက်ဆီးပစ်တော်မူ သနည်း။ အဘယ်ကြောင့်ဤမျှကြောက်မက် ဖွယ်အမျက်ထွက်တော်မူသနည်း' ဟုမေး ကြလိမ့်မည်။-
Joshua 23:15ကိုယ်တော်သည်ကတိတော်ရှိသည်အတိုင်းသင် တို့အား ကောင်းချီးမင်္ဂလာကိုချပေးတော်မူသည် မှန်သော်လည်း ကိုယ်တော်စကားကိုနားမထောင် လျှင်မူကား သင်တို့အပေါ်သို့ဘေးဒုက္ခအပေါင်း တို့ကိုကျရောက်စေတော်မူလိမ့်မည်။-
1 Kings 14:9သင်သည်မိမိအလျင်အုပ်စိုးခဲ့သောမင်းတို့ ၏ကူးလွန်ခဲ့သည့်အပြစ်များထက်ပင် ပိုမို ကြီးလေးသောအပြစ်များကိုကူးလွန်လေ ပြီ။ ငါ့အားပစ်ပယ်ကာအခြားသောဘုရား များကိုဝတ်ပြုကိုးကွယ်၍ ရုပ်တုများကို ပြုလုပ်ခြင်းအားဖြင့် ငါ၏အမျက်တော်ကို လှုံ့ဆော်လေပြီ။-