2 ဓမ္မရာဇဝင်တတိယစောင် 14:24
အဆိုးရွားဆုံးအပြုအမူမှာ ရုပ်တုကိုးကွယ် ဝတ်ပြုရာဌာနများတွင်ပြည့်တန်ဆာအလုပ် ကိုအမျိုးသား၊ အမျိုးသမီးများလုပ်ကိုင် ကြခြင်းပင်ဖြစ်၏။ ပြည်တော်သို့ဣသရေလ အမျိုးသားတို့ချီတက်ဝင်ရောက်လာချိန်၌ ထာဝရဘုရားနှင်ထုတ်တော်မူလိုက်သော ပြည်သူပြည်သားတို့ပြုကျင့်ခဲ့သည့်စက် ဆုပ်ရွံရှာဖွယ်ရာအလေ့ဟူသမျှကို ယုဒ ပြည်သူတို့သည်ပြုကျင့်ကြကုန်၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 14
Cross References
Genesis 19:5သူတို့သည်လောတကိုဟစ်ခေါ်လျက်``သင့်ထံ၌ဤညတည်းခိုရန်ရောက်ရှိလာသူများအဘယ်မှာနည်း။ သူတို့ကိုထုတ်ပေးပါ'' ဟုတောင်းဆိုကြလေသည်။ သောဒုံမြို့သားတို့က ထိုဧည့်သည်တို့နှင့်ကာမစပ်ယှက်လိုကြ၏။
Leviticus 18:30ထာဝရဘုရားက``ငါ၏ပညတ်များကို စောင့်ထိန်းလော့။ သင်တို့အလျင်ထိုပြည်၌ နေထိုင်ခဲ့သော သူတို့၏အလေ့အကျင့်များ ကိုအတုမခိုးနှင့်။ သင်တို့သည်ထိုအကျင့် များကိုကျင့်ခြင်းအားဖြင့် ကိုယ်ကိုမညစ် ညမ်းစေကြနှင့်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏'' ဟု မိန့်တော်မူ၏။
Deuteronomy 23:18ပြည့်တန်ဆာအလုပ်ဖြင့်ရသောငွေကို ကတိ သစ္စာပြုချက်အရ သင်၏ဘုရားသခင်ထာဝရ ဘုရား၏သန့်ရှင်းရာဌာနတော်သို့မလှူဒါန်း ရ။ ထာဝရဘုရားသည်ထိုအလုပ်ကိုစက် ဆုပ်ရွံရှာတော်မူ၏။
1 Kings 15:12သူသည်ရုပ်တုကိုးကွယ်ဝတ်ပြုရာဌာနများ တွင် ပြည့်တန်ဆာအလုပ်ကိုလုပ်နေသောအမျိုး သားအမျိုးသမီးများကို တိုင်းပြည်မှနှင်ထုတ် ပြီးလျှင် မိမိ၏ဘိုးတော်ဘေးတော်ဘုရင်များ ပြုလုပ်ခဲ့သည့်ရုပ်တုများကိုဖယ်ရှားပစ်တော် မူ၏။-
2 Kings 23:7ဘာသာရေးဆိုင်ရာပြည့်တန်ဆာ တို့၏နေအိမ်များကိုလည်းဖျက်ဆီးတော်မူ၏။ (အာရှာရဘုရားမအားဝတ်ပြုကိုးကွယ်ရာ ၌ အသုံးပြုသည့်ဝတ်လုံများကိုထိုနေအိမ် များတွင်အမျိုးသမီးတို့ရက်လုပ်ကြသည်။-)
1 Corinthians 6:9ဆိုးညစ်သောသူတို့သည်ဘုရားသခင်၏ နိုင်ငံတော်သားဖြစ်ကြရလိမ့်မည်မဟုတ် ကြောင်း သင်တို့မသိကြသလော။ လွဲမှား၍ မထင်ကြနှင့်။ ကာမဂုဏ်လိုက်စားသူများ၊ ရုပ်တုကိုကိုးကွယ်သူများ၊ သူ့သားအိမ်ရာ ကိုပြစ်မှားသူများ၊ ယောကျာ်းအချင်းချင်း မှားယွင်းသူများ၊-