2 ဓမ္မရာဇဝင်တတိယစောင် 15:27
နာဒဒ်နှင့်သူ၏စစ်သည်တော်တို့သည်ဖိလိတ္တိပြည် ဂိဗေသုန်မြို့ကိုဝိုင်းရံထားကြစဉ် ယုဒဘုရင် အာသနန်းစံသုံးနှစ်တွင် ဣသခါသားချင်းစု ဝင်အဟိယ၏သားဗာရှာသည် နာဒဒ်ကိုလျှို့ဝှက် ကြံစည်ကာလုပ်ကြံလိုက်လေသည်။ သို့ဖြစ်၍ ဗာရှာသည်နာဒဒ်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 15
Cross References
Joshua 19:44ဧလတေကမြို့၊ ဂိဗ္ဗသုန်မြို့၊ ဗာလပ်မြို့၊- ယေဟုတ်မြို့၊ ဗေနဗေရက်မြို့၊ ဂါသရိမ္မုန် မြို့၊- မေယာကုန်မြို့၊ ရက္ကုန်မြို့များနှင့်တကွ ယုပ္ပေမြို့ပတ်လည်ရှိဒေသပါဝင်လေသည်။-
1 Kings 14:14ထာဝရဘုရားသည်ယေရောဗောင်၏မင်း ဆက်ကိုပျက်သုဉ်းစေမည့်မင်းတစ်ပါးအား ဣသရေလပြည်တွင်အုပ်စိုးစေတော်မူလိမ့် မည်။-
1 Kings 16:9ဘုရင့်ရထားတပ်ခွဲမှူးဇိမရိဆိုသူသည် မင်း ကြီးအားလုပ်ကြံရန်လျှို့ဝှက်ကြံစည်လေသည်။ တစ်နေ့သ၌မင်းကြီးသည်တိရဇမြို့ရှိနန်း တော်အုပ်အာဇ၏အိမ်တွင်သောက်စားမူးယစ် လျက်နေစဉ်၊-
1 Kings 16:15ယုဒဘုရင်အာသနန်းစံနှစ်ဆယ့်ခုနစ် နှစ်မြောက်၌ ဇိမရိသည်ဣသရေလဘုရင် အဖြစ်ဖြင့်တိရဇမြို့တွင်ခုနစ်ရက်မျှ နန်းစံရ၏။ ထိုအခါ၌ဣသရေလစစ် သည်တော်တို့သည် ဖိလိတ္တိပြည်ဂိဗေသုန် မြို့ကိုဝိုင်းရံထားကြ၏။-
1 Kings 16:17သြမရိနှင့်သူ၏စစ်သူရဲတို့သည်ဂိဗေသုန် မြို့မှထွက်ခွာ၍ တိရဇမြို့သို့သွားရောက်ဝိုင်း ရံထားကြ၏။-
2 Kings 12:20ယောရှမင်း၏မှူးမတ်တို့သည်သူ့အားလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြ၏။ ထိုသူတို့အနက်ရှိမတ် ၏သားယောဇကာနှင့်ရှောမေရ၏သားယဟော ဇဗပ်တို့သည် ယေရုရှလင်မြို့အရှေ့ပိုင်းသိလ ရွာသွားရာလမ်းရှိဖို့မြေပေါ်တွင်တည်ဆောက် ထားသောစံနန်း၌သူ့အားလုပ်ကြံကြ၏။ သူ့ အားဒါဝိဒ်မြို့ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်အာမဇိသည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။