2 ဓမ္မရာဇဝင်တတိယစောင် 16:1
ဟာနန်၏သားပရောဖက်ယေဟုထံသို့၊ ဗာရှာ အားဆင့်ဆိုရန်၊ ထာဝရဘုရားထံတော်မှ ဗျာဒိတ်တော်ရောက်ရှိလာ၏။ ``သင်သည်မရေ ရာသူဖြစ်ခဲ့သော်လည်း ငါသည်သင့်အားငါ ၏လူမျိုးတော်ဣသရေလအမျိုးသားတို့ ၏ခေါင်းဆောင်အဖြစ်ခန့်ထားတော်မူခဲ့၏။ သို့ရာတွင်သင်သည်ယေရောဗောင်ကဲ့သို့ပင် အပြစ်ကူးပြီးလျှင် ငါ၏လူမျိုးတော်အား လည်းအပြစ်ကူးရန်ရှေ့ဆောင်လမ်းပြခဲ့ လေပြီ။ သူတို့၏အပြစ်များသည်ငါ၏ အမျက်တော်ကိုလှုံ့ဆော်ပေးသည်ဖြစ်၍၊-
Common Language Bible
In The King James Version
Then the word of the LORD came to Jehu the son of Hanani against Baasha, saying,
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 16
Cross References
1 Kings 15:33ယုဒဘုရင်အာသနန်းစံတတိယနှစ်၌၊ အဟိယ ၏သားဗာရှာသည် ဣသရေလနိုင်ငံ၏ဘုရင်ဖြစ် လာပြီးလျှင်၊ တိရဇမြို့တွင်နှစ်ဆယ့်လေးနှစ်နန်း စံတော်မူ၏။-
2 Kings 17:13ထာဝရဘုရားသည်မိမိ၏စေတမန်များ နှင့်ပရောဖက်တို့ကိုစေလွှတ်၍ ဣသရေလ အမျိုးသားများနှင့်ယုဒအမျိုးသားများ ကိုသတိပေးတော်မူ၏။ ကိုယ်တော်က``သင်တို့ သည်မိမိတို့၏ဆိုးညစ်သောအကျင့်တို့ကို ရှောင်ရှားကြလော့။ သင်တို့ဘိုးဘေးများနှင့် ငါ၏အစေခံပရောဖက်များမှတစ်ဆင့် သင်တို့အား၊ ငါပေးအပ်သည့်ပညတ်တော် တွင်ပါရှိသောငါ၏အမိန့်တော်ကိုနာခံ ကြလော့'' ဟုမိန့်တော်မူ၏။-
2 Chronicles 19:2ဟာနန်၏သားပရောဖက်ယေဟုသည်မင်းကြီး ထံသို့သွား၍``ဘုရင်မင်းသည်သူယုတ်မာတို့ကို ကူညီမစအပ်ပါသလော။ ထာဝရဘုရားကို မုန်းသူတို့နှင့်မိတ်ဆွေဖွဲ့အပ်ပါသလော။ ယင်း အမှုတို့ကြောင့်ထာဝရဘုရား၏အမျက်တော် သည် ဘုရင်မင်း၏အပေါ်သို့သက်ရောက်လေ ပြီ။-