The Bible Software
bible.software › 2 ဓမ္မရာဇဝင်တတိယစောင် › 2 ဓမ္မရာဇဝင်တတိယစောင် 16 › 2 ဓမ္မရာဇဝင်တတိယစောင် 16:19

2 ဓမ္မရာဇဝင်တတိယစောင် 16:19

ဤ​သို့​ဖြစ်​ရ​ခြင်း​မှာ ထာ​ဝ​ရ​ဘု​ရား​အား​သူ ပြစ်​မှား​သည့်​အ​ပြစ်​များ​ကြောင့်​ဖြစ်​၏။ သူ​သည် ဘု​ရင်​ယေ​ရော​ဗောင်​ကဲ့​သို့​ကိုယ်​တိုင်​အ​ပြစ်​ကူး ၍ ဣသ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ်​ကူး​ရန်​ရှေ့ ဆောင်​လမ်း​ပြ​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား မ​နှစ်​သက်​သော​အ​မှု​ကို​ပြု​လေ​သည်။-

Common Language Bible

In The King James Version

For his sins which he sinned in doing evil in the sight of the LORD, in walking in the way of Jeroboam, and in his sin which he did, to make Israel to sin.

In Context

18မြို့​တော်​ကျ​ဆုံး​တော့​မည်​ဖြစ်​ကြောင်း​သိ​ရှိ​ရ သော​အ​ခါ ဇိ​မ​ရိ​သည်​နန်း​အ​တွင်း​ရဲ​တိုက်​ခန်း သို့​ဝင်​၍​နန်း​တော်​ကို​မီး​ရှို့​ကာ​မီး​တောက်​မီး လျှံ​ထဲ​၌​သေ​ဆုံး​သွား​လေ​သည်။-

20လျှို့​ဝှက်​လုပ်​ကြံ​မှု​အ​ပါ​အ​ဝင်​ဇိ​မ​ရိ​ဆောင် ရွက်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​ရှိ​သ​မျှ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။

Read all of 2 ဓမ္မရာဇဝင်တတိယစောင် 16

Cross References

1 Kings 14:16ယေ​ရော​ဗောင်​သည်​အ​ပြစ်​ကူး​၍​ဣ​သ​ရေ​လ ပြည်​သူ​တို့​အား​လည်း အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင် လမ်း​ပြ​သူ​ဖြစ်​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဣသ​ရေ​လ​ပြည်​ကို​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်'' ဟု ဆို​၏။

1 Kings 15:30ယင်း​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​ယေ​ရော​ဗောင်​သည် မိ​မိ​ကိုယ်​တိုင်​ကူး​ခဲ့​သည့်​အ​ပြစ်​များ​အား​ဖြင့် လည်း​ကောင်း၊ ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​ကူး စေ​ခဲ့​သည့်​အ​ပြစ်​များ​အား​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး သော​ကြောင့်​ဖြစ်​၏။

1 Kings 16:7ထာ​ဝ​ရ​ဘု​ရား​အား​ဗာ​ရှာ​ပြစ်​မှား​သည့်​အ​ပြစ် များ​အ​တွက်​ကြောင့် ပ​ရော​ဖက်​ယေ​ဟု​သည်​ဗာ​ရှာ နှင့်​အိမ်​ထောင်​စု​အား​ထို​ဗျာ​ဒိတ်​တော်​ကို​ဆင့် ဆို​၏။ ဗာ​ရှာ​သည်​မိ​မိ​၏​အ​လျင်​အုပ်​စိုး​ခဲ့​သည့် ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​အ​ပြစ်​ကူး​သည်​သာ မ​က ယေ​ရော​ဗောင်​နှင့်​အိမ်​ထောင်​စု​သား​အ​ပေါင်း ကို​လည်း​သတ်​ဖြတ်​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည် သူ့​အား​အ​မျက်​ထွက်​တော်​မူ​၏။

Psalms 9:16ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မှန်​စွာ တ​ရား​စီ​ရင်​တော်​မူ​ခြင်း​အား​ဖြင့်​မိ​မိ​ကိုယ် ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​ပြီ။ သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​အ​ကျင့်​များ အား​ဖြင့် ပြန်​၍​ကျော့​မိ​ကြ​ကုန်​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 2 ဓမ္မရာဇဝင်တတိယစောင် 16:19

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 2 ဓမ္မရာဇဝင်တတိယစောင် 16:182 ဓမ္မရာဇဝင်တတိယစောင် 162 ဓမ္မရာဇဝင်တတိယစောင် 16:20 →