2 ဓမ္မရာဇဝင်တတိယစောင် 17:15
မုဆိုးမသည်ဧလိယပြောသည့်အတိုင်းပြု သဖြင့် သူတို့အားလုံးပင်ရက်ပေါင်းများစွာ စားရန်အတွက် အစားအစာကိုအလုံ အလောက်ရရှိကြလေသည်။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 17
Cross References
Genesis 6:22နောဧသည်ဘုရားသခင်မိန့်မှာတော်မူသည့် အတိုင်းဆောင်ရွက်လေ၏။
Genesis 22:3နောက်တစ်နေ့နံနက်စောစောတွင်အာဗြဟံသည် ယဇ်ပူဇော်ရန်ထင်းကိုခွဲ၍မြည်းပေါ်သို့တင် ပြီးလျှင် ဣဇာက်နှင့်အစေခံနှစ်ယောက်တို့ကို ခေါ်လျက်ဘုရားသခင်ညွှန်ပြသောအရပ် သို့ရှေ့ရှုလာခဲ့သည်။-
2 Chronicles 20:20နောက်တစ်နေ့နံနက်စောစော၌ ပြည်သူတို့သည် တေကောအနီးတောကန္တာရသို့ထွက်ခွာသွား ကြ၏။ ထွက်ခွာစပြုသောအခါ ယောရှဖတ် သည်ပြည်သူတို့အား``ယုဒပြည်သူများ နှင့်ယေရုရှလင်မြို့သားတို့၊ သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရားကို ကိုးစားကြလျှင်ရပ်တည်နိုင်ကြလိမ့်မည်။ ကိုယ်တော်၏ပရောဖက်များဟောကြား သည်ကိုယုံကြည်ကြလျှင်အောင်မြင် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
Mark 12:43ထိုအခါကိုယ်တော်သည်တပည့်တော်တို့ကို ခေါ်တော်မူပြီးလျှင် ``ဤဆင်းရဲသောမုဆိုးမ သည်ဗိမာန်တော်အလှူခံသေတ္တာထဲသို့ထည့်ဝင် လှူဒါန်းကြသောသူအပေါင်းတို့ထက် ပို၍ ထည့်ဝင်လှူဒါန်းလေပြီဟုသင်တို့အား အမှန်အကန်ငါဆို၏။-
Romans 4:19ထိုအချိန်၌အာဗြဟံသည်အသက်တစ်ရာ ခန့်ပင်ရှိ၍ မိမိ၏ကိုယ်ခန္ဓာသည်အသေကဲ့သို့ ဖြစ်လျက်နေကြောင်းကိုလည်းကောင်း၊ စာရာ သည်လည်းကလေးမရနိုင်ကြောင်းကိုလည်း ကောင်းသိသော်လည်း ဘုရားသခင်အပေါ်တွင် ယုံကြည်မှုခိုင်မြဲလျက်ရှိ၏။-
Hebrews 11:17အာဗြဟံသည်ဘုရား၏စမ်းသပ်စစ်ဆေးခြင်း ကိုခံရသောအခါယုံကြည်ခြင်းအားဖြင့် သား ဣဇာက်ကိုယဇ်ကောင်အဖြစ်ပူဇော်လေသည်။ ``သင်၏အမျိုးအနွယ်ကိုဣဇာက်မှဆင်းသက် ပေါက်ပွားစေမည်'' ဟူသောဘုရားသခင်၏ ကတိတော်ကို သူသည်ခံယူရရှိခဲ့သော်လည်း မိမိ၏တစ်ဦးတည်းသောသားကိုပူဇော်ရန် အသင့်ရှိပေသည်။-