2 ဓမ္မရာဇဝင်တတိယစောင် 18:19
ဣသရေလပြည်သူအပေါင်းတို့အားကရ မေလတောင်ထိပ်တွင်ငါနှင့်တွေ့ဆုံကြရန် အမိန့်ပေးပါလော့။ ယေဇဗေလမိဖုရား ထောက်ပံ့ကျွေးမွေးထားသည့်ဗာလပရောဖက် လေးရာ့ငါးဆယ်နှင့်အာရှရဘုရားမ၏ ပရောဖက်လေးရာတို့ကိုလည်းခေါ်ဖိတ်ပါ လော့'' ဟုပြန်ပြော၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 18
Cross References
Joshua 19:26အလမ္မေလက်မြို့၊ အာမဒ်မြို့၊ မိရှာလမြို့များ ပါဝင်သည်။ အနောက်နယ်နိမိတ်သည်ကရ မေလမြို့နှင့်ရှိဟောရလိဗနတ်မြို့များ ကိုဖြတ်သွားသည်။-
1 Kings 15:13မိမိ၏အဖွားမာခါ၏ထံမှလည်းမယ်တော် ဘုရင်မရာထူးကိုနုတ်သိမ်းတော်မူလေသည်။ အဘယ်ကြောင့်ဆိုသော်မာခါသည်အသီးအနှံ ဖွံ့ဖြိုးမှုဆိုင်ရာ အာရှရဘုရားမအားဝတ်ပြု ကိုးကွယ်ရန်အတွက် ရှုမကောင်းမြင်မကောင်းသော ရုပ်တုကိုပြုလုပ်ထားသောကြောင့်ဖြစ်၏။ အာသ သည်ထိုရုပ်တုကိုခုတ်ပြီးလျှင်ကေဒြုန်ချောင်း အနီးတွင်မီးရှို့ပစ်တော်မူ၏။-
1 Kings 18:22ထိုအခါဧလိယက``ထာဝရဘုရား၏ ပရောဖက်များအနက် ငါတစ်ဦးတည်းကျန် ရှိနေ၏။ ဗာလပရောဖက်များမူကားလေး ရာငါးဆယ်ရှိပေသည်။-
1 Kings 19:1အာဟပ်မင်းသည်ဧလိယပြုသည့်အမှုအလုံး စုံကိုလည်းကောင်း၊ ဗာလပရောဖက်တို့အသတ် ခံရကြပုံကိုလည်းကောင်းမိဖုရားယေဇ ဗေလအားပြောပြလေသည်။-
2 Kings 2:25ဧလိရှဲသည်ကရမေလတောင်သို့သွားပြီး နောက် ရှမာရိမြို့သို့ပြန်လာလေသည်။
2 Kings 9:22ယောရံက``သင်သည်ငြိမ်းချမ်းစွာလာ သလော'' ဟုမေးတော်မူ၏။ ယေဟုက``သင်၏မိခင်ယေဇဗေလစတင် ကျင့်သုံးခဲ့သည့် စုန်းအတတ်နှင့်ရုပ်တုကိုး ကွယ်မှုရှိနေသမျှကာလပတ်လုံး အဘယ် မှာငြိမ်းချမ်းမှုရှိနိုင်ပါမည်နည်း'' ဟုဆို၏။