2 ဓမ္မရာဇဝင်တတိယစောင် 18:43
မိမိ၏အစေခံအား``သင်သွား၍ပင်လယ်သို့ မျှော်ကြည့်လော့'' ဟုဆို၏။ အစေခံသည်သွား၍ကြည့်ရာမှပြန်လာပြီး နောက်``အဘယ်အရာကိုမျှကျွန်တော်မမြင် ပါ'' ဟုပြော၏။ ဧလိယသည်မိမိ၏အစေခံ အား ဤနည်းအတိုင်းခုနစ်ကြိမ်တိုင်တိုင်သွား ၍ကြည့်စေ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 18
Cross References
Genesis 32:26ထိုသူက``ငါ့ကိုလွှတ်ပါ။ မိုးလင်းလုပြီ'' ဟုဆိုလေ၏။ ယာကုပ်က``အကျွန်ုပ်ကိုကောင်းချီးပေးမှလွှတ် မည်'' ဟုပြော၏။
2 Kings 4:35ဧလိရှဲသည်ထ၍အခန်းထဲတွင်စင်္ကြံလျှောက် ပြီးနောက် သူငယ်၏အပေါ်တွင်တစ်ဖန်မှောက်၍ နေပြန်၏။ သူငယ်သည်ခုနစ်ကြိမ်ချေဆတ်ပြီး နောက်မျက်စိဖွင့်၏။-
Habakkuk 2:3ထိုအမှုအရာများအမှန်ဖြစ်ပေါ်မည့်အချိန်မရောက်သေး။ သို့ရာတွင်ငါပြသောအရာများအမှန်ဖြစ်ပေါ်သောအချိန်သည်လျင်မြန်စွာကျရောက်လာလိမ့်မည်။ ထိုအချိန်သည်အလာနှေးသည်ဟုထင်မှတ်ရသော်လည်း ဧကန်မုချရောက်လာမည်သာဖြစ်၍စောင့်မျှော်၍နေလော့။ ကြန့်ကြာတော့မည်မဟုတ်။-
Luke 18:7ရွေးကောက်တော်မူသောသူတို့သည်နေ့ညမပြတ် ဟစ်အော်တောင်းလျှောက်နေကြလျှင် ဘုရားသခင် သည်တရားသဖြင့်ဖြစ်စေရန်စီရင်တော်မမူ ဘဲနေမည်လော။ ကိုယ်တော်သည်ထိုသူတို့အား ကူညီမစရန်နှောင့်နှေးတော်မူမည်လော။-
Hebrews 10:36ဘုရားသခင်၏အလိုတော်ကိုလိုက်လျှောက် နိုင်ရန်နှင့် ကတိတော်နှင့်အညီခံစားနိုင်ရန် သင်တို့သည်သည်းခံစိတ်ရှိရမည်။