bible.software › 2 ဓမ္မရာဇဝင်တတိယစောင် › 2 ဓမ္မရာဇဝင်တတိယစောင် 2 › 2 ဓမ္မရာဇဝင်တတိယစောင် 2:30
2 ဓမ္မရာဇဝင်တတိယစောင် 2:30
ဗေနာယသည်ထာဝရဘုရားစံတော်မူ ရာတဲတော်သို့သွား၍ ယွာဘအား``အပြင် သို့ထွက်ခဲ့လော့။ မင်းကြီးအမိန့်တော်ရှိ သည်'' ဟုဆို၏။ ယွာဘက``ငါမလာလို။ ဤအရပ်တွင်ပင် အသေခံမည်'' ဟုပြန်ပြော၏။ ဗေနာယသည်လည်းမင်းကြီးထံပြန်သွား ပြီးလျှင် ယွာဘပြောသည့်စကားကိုပြန် ကြားလျှောက်ထားလေသည်။
Common Language Bible
In The King James Version
And Benaiah came to the tabernacle of the LORD, and said unto him, Thus saith the king, Come forth. And he said, Nay; but I will die here. And Benaiah brought the king word again, saying, Thus said Joab, and thus he answered me.
In Context
29သူသည်အဒေါနိယစံတော်မူရာတဲတော် သို့ထွက်ပြေးပြီးလျှင် ယဇ်ပလ္လင်အနီးတွင် ရပ်လျက်နေကြောင်းသတင်းရရှိသောအခါ ရှောလမုန်မင်းသည်ယွာဘအားအဘယ် ကြောင့်ယဇ်ပလ္လင်သို့ထွက်ပြေးရသည်ကိုလူ လွှတ်၍မေးတော်မူ၏။ ထိုအခါယွာဘက မိမိသည်ရှောလမုန်ကိုကြောက်သဖြင့် ထာ ဝရဘုရားထံတော်သို့ထွက်ပြေးရခြင်း ဖြစ်ကြောင်းပြန်ကြားလျှောက်ထားလေသည်။ ထို့ကြောင့်ရှောလမုန်မင်းသည်ဗေနာယ ကိုစေလွှတ်၍ယွာဘအားကွပ်မျက်စေ တော်မူ၏။-
31ရှောလမုန်မင်းကလည်း``ယွာဘပြောသည် အတိုင်းပြုလော့။ သူ့ကိုကွပ်မျက်၍သင်္ဂြိုဟ် လိုက်လော့။ ထိုအခါအပြစ်မဲ့သူများအား ယွာဘသတ်ဖြတ်ခဲ့သည့်အပြစ်အတွက် ငါ ၌သော်လည်းကောင်း၊ ဒါဝိဒ်၏အခြားသား မြေးများ၌သော်လည်းကောင်းတာဝန်ရှိ တော်မူမည်မဟုတ်။-
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 2
This Verse In Other Editions
Study 2 ဓမ္မရာဇဝင်တတိယစောင် 2:30