2 ဓမ္မရာဇဝင်တတိယစောင် 2:44
သင်သည်ခမည်းတော်အားပြစ်မှားခဲ့သည့် အမှုအပေါင်းကိုကောင်းစွာသိပေသည်။ ထို အမှုများအတွက်သင့်အားထာဝရဘုရား သည်အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။-
Common Language Bible
In The King James Version
In Context
43သို့ပါလျက်အဘယ်ကြောင့်မိမိ၏ကတိ ကိုဖျက်၍ ငါ၏အမိန့်တော်ကိုလွန်ဆန်ပါ သနည်း။-
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 2
Cross References
1 Samuel 25:39ဒါဝိဒ်သည် နာဗလကွယ်လွန်ကြောင်းကြား သိရသောအခါ``ထာဝရဘုရားသည်မင်္ဂ လာရှိတော်မူပါစေသတည်း။ ကိုယ်တော် သည်နာဗလငါ့ကိုစော်ကားသည့်အတွက် လက်စားချေတော်မူ၍ကိုယ်တော်၏အစေခံ ငါ့ကိုလည်းမိုက်မှားမှုမပြုရန်ဆီးတား တော်မူပြီ။ ထာဝရဘုရားသည်နာဗလ ပြုသည့်ဒုစရိုက်အတွက် သူ့ကိုဒဏ်ခတ် တော်မူလေပြီ'' ဟုမြွက်ဆို၏။ ထိုနောက်ဒါဝိဒ်သည်အဘိဂဲလအား မိမိ နှင့်ထိမ်းမြားမင်္ဂလာပြုရန်လူလွှတ်၍စကား ကမ်းလှမ်းလိုက်လေသည်။-
1 Kings 2:32ငါ၏ခမည်းတော်မသိဘဲကူးလွန်ခဲ့သည့် လူသတ်မှုများအတွက် ထာဝရဘုရားသည် ယွာဘအားအပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။ ယွာဘသည်မိမိထက်သာလွန်ကောင်းမြတ် သည့်ဣသရေလတပ်မတော်ဗိုလ်ချုပ်အာဗနာ နှင့်ယုဒတပ်မတော်ဗိုလ်ချုပ်အာမသတည်း ဟူသောအပြစ်မဲ့သူနှစ်ဦးအားသတ်ဖြတ် ခဲ့ပေသည်။-
Psalms 7:16သို့ဖြစ်၍သူတို့သည်မိမိတို့ပြုသည့်မကောင်းမှုကြောင့်အပြစ်ဒဏ်ခံရကြ၏။ မိမိတို့ပြုသည့်အကြမ်းဖက်မှုကြောင့်ဒဏ်ရာရကြ၏။
Proverbs 5:22အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့် ဘမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရ လိမ့်မည်။
Hosea 4:9သင်တို့သည်ပြည်သားများနည်းတူအပြစ် ဒဏ်ခံရမည်။ ငါသည်သင်တို့ကိုဒဏ်ခတ် မည်။ သင်တို့၏ဒုစရိုက်အကျိုးဆက်ကို ခံစေမည်။-
Romans 2:15ပညတ်တရား၏ပြဋ္ဌာန်းချက်များသည်ထို သူတို့၏နှလုံးသားတွင်ရေးသားထားလျက် ရှိကြောင်း သူတို့၏အပြုအမူများကထောက် ခံ၏။ သူတို့၏သြတ္တပ္ပစိတ်ကလည်းထောက်ခံ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏စိတ်နှလုံး သည် တစ်ခါတစ်ရံသူတို့ကိုပြစ်တင်၍ တစ်ခါ တစ်ရံလည်းသူတို့ကိုထောက်ခံသောကြောင့် ဖြစ်၏။-