2 ဓမ္မရာဇဝင်တတိယစောင် 20:4
ထိုအခါအာဟပ်က``ငါနှင့်ငါပိုင်သမျှသော ဥစ္စာပစ္စည်းတို့ကိုငါ့အရှင်ဗင်္ဟာဒဒ်အားပေး အပ်ရန် သဘောတူကြောင်းငါ့အရှင်ဗင်္ဟာဒဒ် မင်းအားလျှောက်ထားကြလော့'' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 20
Cross References
Deuteronomy 28:48သို့ဖြစ်၍သင်တို့ကိုတိုက်ခိုက်ရန် ထာဝရ ဘုရားစေလွှတ်သောရန်သူ၏အမှုကိုသင် တို့ထမ်းရလိမ့်မည်။ သင်တို့သည်စားရေး၊ သောက်ရေး၊ ဝတ်ရေးမှစ၍အရာရာ၌ချို့ တဲ့လျက်ရှိကြလိမ့်မည်။ သင်တို့သေကြေ ပျက်စီးသည့်တိုင်အောင် ရန်သူများသည် သင်တို့အားညှင်းဆဲနှိပ်စက်လိမ့်မည်။-
1 Samuel 11:10သူတို့သည်နာဟတ်အား``အကျွန်ုပ်တို့သည် အရှင့်ထံတွင် နက်ဖြန်အညံ့ခံကြပါမည်။ အကျွန်ုပ်တို့အားအရှင်ပြုလိုရာပြုနိုင် ပါသည်'' ဟုလျှောက်ကြ၏။
1 Kings 2:38ရှိမိကလည်း``ကောင်းပါပြီ။ အရှင်မင်းကြီး။ အရှင်မိန့်တော်မူသည့်အတိုင်းအကျွန်ုပ် လိုက်နာပါမည်'' ဟုပြန်၍လျှောက်ထားပြီး လျှင်ယေရုရှလင်မြို့တွင်ကာလကြာ မြင့်စွာနေထိုင်လေ၏။