2 ဓမ္မရာဇဝင်တတိယစောင် 21:3
နာဗုတ်က``အကျွန်ုပ်သည်ဤဥယျာဉ်ကို ဘိုးဘေးများထံမှအမွေရရှိထားသဖြင့် အရှင့်အားဆက်သမှုကိုထာဝရဘုရား ဆီးတားတော်မူပါစေသော'' ဟုလျှောက်၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 21
Cross References
Genesis 44:17ယောသပ်က``ထိုသို့ငါမပြုလုပ်နိုင်။ ဖလား နှင့်တွေ့ရသူကိုသာလျှင်ငါ၏ကျွန်ဖြစ်စေ မည်။ ကျန်သောသူတို့သည်သင်တို့၏အဖထံ သို့ဘေးကင်းလုံခြုံစွာပြန်သွားကြလော့''ဟု ဆိုလေ၏။
Numbers 36:7ဣသရေလအမျိုးသားတိုင်းပိုင်ဆိုင်သော အမွေမြေကို မိမိနှင့်သက်ဆိုင်ရာအနွယ် လက်မှအခြားအနွယ်လက်သို့မလွှဲ မပြောင်းရ။-
Joshua 22:29ငါတို့သည်မီးရှို့ရာသကာ၊ ဘောဇဉ်သကာ စသောသကာများကိုပူဇော်ဆက်သရန်ယဇ် ပလ္လင်တစ်ခုကိုတည်၍ ထာဝရဘုရားအား ပုန်ကန်လျက်ကိုယ်တော်ကိုပစ်ပယ်ကြမည် မဟုတ်ပါ။ ငါတို့သည်ငါတို့၏ဘုရားသခင်ထာဝရဘုရားစံတော်မူရာတဲ တော်ရှေ့တွင်ရှိသော ယဇ်ပလ္လင်မှလွဲ၍ အခြား မည်သည့်ယဇ်ပလ္လင်ကိုမျှတည်မည်မဟုတ်ပါ'' ဟု ပြန်ပြောကြလေသည်။
1 Samuel 12:23ငါသည်သင်တို့အတွက်ဆုတောင်းပတ္ထနာမပြု ဘဲနေခြင်းအားဖြင့် ထာဝရဘုရားကိုပြစ်မှား ခြင်းမှကင်းဝေးပါစေသော။ ငါသည်သင်တို့ အားကောင်းရာမှန်ရာကိုသာလျှင်သင်ကြား ပေးမည်။-
1 Samuel 26:9သို့ရာတွင်ဒါဝိဒ်က``သင်သည်မင်းကြီးအား ဘေးအန္တရာယ်မပြုရ။ ထာဝရဘုရားသည် မိမိဘိသိက်ပေးတော်မူသောဘုရင်အား ဘေး အန္တရာယ်ပြုသူမည်သူကိုမဆိုဧကန်မုချ အပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။-
Job 27:5သင်တို့သဘောဖြောင့်သည်ဟု ဝန်ခံသောစကားသည် ငါနှင့် ဝေးပါစေသော။ ငါသည် ကိုယ် သဘောဖြင့်သည်ကို သေသည်တိုင်အောင် မငြင်း။