2 ဓမ္မရာဇဝင်တတိယစောင် 22:24
ထိုအခါဇေဒကိသည်မိက္ခာအနီးသို့ချဉ်းကပ်၍ ပါးကိုရိုက်ပြီးလျှင်``ထာဝရဘုရား၏ဝိညာဉ် တော်သည်သင့်အားမိန့်မြွက်တော်မူရန်အဘယ် အခါက ငါ၏ထံမှထွက်ခွာသွားတော်မူပါ သနည်း'' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 22
Cross References
1 Kings 22:11ပရောဖက်တစ်ပါးဖြစ်သူ၊ ခေနာနာ၏သား ဇေဒကိသည်သံဦးချိုများကိုပြုလုပ်ပြီး လျှင်အာဟပ်အား``ထာဝရဘုရားက`ကိုယ်တော် သည်ဤဦးချိုများဖြင့်ရှုရိအမျိုးသားတို့ အားချေမှုန်းလိမ့်မည်' ဟုမိန့်တော်မူပါသည်'' ဟုလျှောက်၏။-
Isaiah 50:5ထာဝရဘုရားသည်ငါ့အားနားလည်နိုင်သော သဘောကိုပေးတော်မူပြီဖြစ်၍၊ ငါသည်ကိုယ်တော်ကိုမပုန်ကန်။ အထံတော်မှလည်းသွေရှောင်၍မသွားပါ။
Jeremiah 29:26``ထာဝရဘုရားသည်သင့်အားယောယဒ နေရာတွင် ယဇ်ပုရောဟိတ်အဖြစ်ခန့်ထားသည် ဖြစ်၍ ယခုသင်သည်ဗိမာန်တော်အုပ်ချုပ်ရေး မှူးဖြစ်၍လာလေပြီ။ ပရောဖက်ဟန်ဆောင် သည့်သူရူးမှန်သမျှကို သံပတ်တပ်၍သံကြိုး နှင့်ချည်နှောင်ထားရန်အလုပ်မှာသင်၏တာဝန် ပင်ဖြစ်ပေသည်။-
Micah 5:1``ယေရုရှလင်မြို့သားတို့၊ သင်တို့၏တပ်များ ကိုစုရုံးစေကြလော့၊ ငါတို့ကိုရန်သူများ ဝိုင်းထားကြပြီ။ သူတို့သည်ဣသရေလ အမျိုးသားတို့၏ခေါင်းဆောင်များကို သုတ်သင်ပယ်ရှင်းပစ်ရန်ကြိုးစားကြ၏။
Matthew 26:68``အရှင်မေရှိယ၊ အရှင့်အားမည်သူရိုက်သည်ကို ဟောတော်မူပါ'' ဟုဆိုကြ၏။
Mark 14:65အချို့သောသူတို့သည်ကိုယ်တော်ကိုတံတွေး နှင့်ထွေးကြ၏။ မျက်နှာတော်ကိုဖုံးပြီးလျှင် ရိုက်ပုတ်ကြ၏။ ``အရှင်အားမည်သူရိုက်ပုတ် သည်ကိုဟောတော်မူပါ'' ဟုဆိုကြ၏။ ယဇ် ပုရောဟိတ်မင်း၏ကိုယ်ရံတော်တပ်သားတို့ သည်ပါးတော်ကိုလက်ဖြင့်ရိုက်ကြ၏။