2 ဓမ္မရာဇဝင်တတိယစောင် 22:43
သူသည်မိမိအလျင်နန်းစံခဲ့သည့်ခမည်းတော် အာသကဲ့သို့ပင် ထာဝရဘုရား၏ရှေ့တော်မှောက် တွင်ဖြောင့်မှန်စွာပြုကျင့်လေ့ရှိ၏။ သို့ရာတွင်ရုပ်တု ကိုးကွယ်ရာဌာနများကိုမူမဖြိုမဖျက်သဖြင့် လူ တို့သည်ထိုအရပ်များတွင်ဆက်လက်၍ယဇ်ပူဇော် ၍နံ့သာပေါင်းကိုမီးရှို့ကြလေသည်။-
Common Language Bible
In The King James Version
In Context
44ယောရှဖတ်သည်ဣသရေလဘုရင်နှင့်လည်း ငြိမ်းချမ်းစွာနေတော်မူ၏။
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 22
Cross References
1 Samuel 12:20ရှမွေလက``မကြောက်ကြနှင့်။ သင်တို့သည် ဤသို့ဆိုးယုတ်သည့်အမှုကိုပြုခဲ့မိသော် လည်း ထာဝရဘုရားကိုမစွန့်ပယ်ကြနှင့်။ ကိုယ်တော်အားစိတ်နှလုံးအကြွင်းမဲ့ဝတ်ပြု ကိုးကွယ်ကြလော့။-
1 Kings 15:5အဘယ်ကြောင့်ဆိုသော်ဒါဝိဒ်သည် ဘုရားသခင် နှစ်သက်တော်မူသည့်အမှုတို့ကိုသာလျှင်ပြုခဲ့ သောကြောင့်ဖြစ်၏။ မင်းကြီးသည်ဟိတ္တိအမျိုးသား ဥရိယ၏အမှုကိစ္စမှတစ်ပါး အခြားအဘယ် အခါ၌မျှကိုယ်တော်၏အမိန့်တော်ကိုလွန်ဆန် ခဲ့ခြင်းမရှိပေ။-
1 Kings 15:14ရုပ်တုကိုးကွယ်ရာဌာနများကိုအကုန်အစင် မဖျက်ဆီးသော်လည်း အာသသည်ထာဝရဘုရား အားတစ်သက်လုံးသစ္စာစောင့်တော်မူပေသည်။-
2 Kings 14:3အာမဇိသည်ထာဝရဘုရားနှစ်သက်တော် မူသောအမှုတို့ကိုပြု၏။ သို့ရာတွင်သူသည် မိမိ၏ဘေးတော်ဒါဝိဒ်မင်းကဲ့သို့မပြု ကျင့်ဘဲ ခမည်းတော်ယောရှကဲ့သို့ပြုကျင့် ၏။-
2 Kings 18:22သူသည်ဆက်လက်၍``သင်က`ငါတို့သည် ငါတို့ ၏ဘုရားသခင်ထာဝရဘုရားကိုအားကိုး ပါသည်' ဟုပြောဆိုကြမည်လော။ မြင့်သော အရပ်ဌာနများနှင့်ယဇ်ပလ္လင်များကိုဟေဇကိ ဖျက်ဆီး၍ ယုဒပြည်သူတို့အားယေရုရှလင် မြို့ရှိယဇ်ပလ္လင်၌သာ ဝတ်ပြုကိုးကွယ်ကြရန် အမိန့်ထုတ်သည်မဟုတ်ပါလော။-
2 Chronicles 14:11မိမိ၏ဘုရားသခင်ထာဝရဘုရားအား``အို ထာဝရဘုရား၊ ကိုယ်တော်သည်အင်အားကြီး မားသောတပ်ကိုကူမတော်မူနိုင်သည့်နည်း တူ အင်အားနည်းသောတပ်ကိုလည်းကူမတော် မူနိုင်ပါ၏။ အို အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို အားကိုးလျက်နာမတော်ကိုအမှီပြု၍ ဤ ကြီးမားလှသောတပ်မတော်ကိုတိုက်ခိုက် ရန်ထွက်ခဲ့ကြပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ကိုယ်တော်အားအဘယ် သူမျှမနှိမ်နင်းနိုင်ပါ'' ဟုပတ္ထနာပြုတော် မူ၏။