2 ဓမ္မရာဇဝင်တတိယစောင် 3:4
ဂိဗောင်မြို့တွင်အလွန်ထင်ရှားကျော်စောသော ယဇ်ပလ္လင်ရှိသဖြင့် အခါတစ်ပါး၌မင်းကြီး သည်ယဇ်ပူဇော်ရန်ထိုအရပ်သို့သွားတော် မူ၏။ သူသည်ယခင်အခါများကထောင် ပေါင်းများစွာသောမီးရှို့ရာပူဇော်သကာ များကိုထိုယဇ်ပလ္လင်တွင်ပူဇော်ခဲ့ဖူး၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 3
Cross References
Joshua 9:3ဟိဝိအမျိုးသားများဖြစ်သောဂိဗောင်မြို့ သားတို့သည် ယေရိခေါမြို့နှင့် အာဣမြို့များ ကိုယောရှုမည်ကဲ့သို့တိုက်ခိုက်အောင်မြင်ခဲ့ ကြောင်းကြားသိရသောအခါ၊-
1 Kings 8:63မင်းကြီးသည်နွားကောင်ရေနှစ်သောင်းနှစ်ထောင် နှင့်သိုးကောင်ရေတစ်သိန်းနှစ်သောင်းကို မိတ် သဟာယယဇ်အဖြစ်ပူဇော်တော်မူ၏။ ဤ နည်းအားဖြင့်ဘုရင်နှင့်ပြည်သူအပေါင်းတို့ သည်ဗိမာန်တော်ကိုအနုမောဒနာပြုကြ လေသည်။-
1 Chronicles 16:39ယဇ်ပုရောဟိတ်ဇာဒုတ်နှင့်သူ၏အဖော်ယဇ် ပုရောဟိတ်များမူကား ဂိဗောင်၌ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရာဌာနတွင် တာဝန်ယူရကြလေသည်။-
2 Chronicles 1:2ရှောလမုန်သည်တစ်ထောင်တပ်၊ တစ်ရာတပ်တို့ ကိုအုပ်ချုပ်သောတပ်မှူးများ၊ အစိုးရအရာ ရှိများ၊ အိမ်ထောင်ဦးစီးများနှင့်ပြည်သူ အပေါင်းတို့အား-
2 Chronicles 1:6မင်းကြီးသည်ယဇ်ကောင်တစ်ထောင်ကိုသတ်၍ တစ်ကောင်လုံးမီးရှို့ရာယဇ်အဖြစ် ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ ကြေးဝါယဇ်ပလ္လင်ပေါ်တွင်ပူဇော်တော်မူ သည်။
2 Chronicles 29:32သူတို့သည်နွားကောင်ရေခုနစ်ဆယ်၊ သိုး ကောင်ရေတစ်ရာနှင့်သိုးငယ်ကောင်ရေနှစ် ရာတို့ကိုထာဝရဘုရားအား မီးရှို့ရာ ပူဇော်သကာအဖြစ်ယူဆောင်လာပြီးလျှင်၊-