2 ဓမ္မရာဇဝင်တတိယစောင် 5:1
တုရုဘုရင်ဟိရံသည် ဒါဝိဒ်မင်း၏အဆွေ တော်အဖြစ်နှင့်အစဉ်နေထိုင်ခဲ့သူဖြစ်၏။ ထို့ကြောင့်ခမည်းတော်ဒါဝိဒ်၏အရိုက်အရာ ကိုရှောလမုန်ဆက်ခံ၍ နန်းတက်သည့်အကြောင်း ကိုကြားသိသောအခါသံတမန်များကို ရှောလမုန်ထံသို့စေလွှတ်လေသည်။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 5
Cross References
Exodus 34:24ငါသည်အခြားလူမျိုးများကိုသင်တို့ချီ တက်ရာလမ်းကြောင်းမှနှင်ထုတ်၍ သင်တို့၏ နယ်မြေကိုတိုးချဲ့ပြီးသည့်အခါသင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ပွဲတော်ကြီးသုံးခုကျင်းပနေချိန်အတွင်း၊ မည်သည့်ရန်သူမျှသင်တို့ကိုမတိုက်ခိုက် စေရ။
Deuteronomy 20:11သူတို့ကမြို့တံခါးများကိုဖွင့်၍လက်နက် ချလျှင် သူတို့သည်သင်တို့စေခိုင်းသမျှကို ဆောင်ရွက်ရသောသင်တို့၏ကျွန်များဖြစ် ရမည်။-
2 Samuel 5:11တုရုဘုရင်ဟိရံမင်းသည်ဒါဝိဒ်ထံသို့သံ တမန်များကိုစေလွှတ်လေ၏။ နန်းတော်တည် ဆောက်ရန်အတွက်သစ်ကတိုးသစ်၊ လက်သမား နှင့်ပန်းရန်ဆရာများကိုလည်းပေးပို့လိုက်၏။-
2 Samuel 10:1ကာလအနည်းငယ်ကြာသောအခါ အမ္မုန် ဘုရင်နာဟတ်မင်းကွယ်လွန်၍သူ၏သား တော်ဟာနုန်နန်းတက်၏။
1 Kings 5:13ရှောလမုန်သည်ဣသရေလပြည်တစ်ပြည်လုံး မှ လူသုံးသောင်းကိုချွေးတပ်သားအဖြစ်ဖြင့် ဆင့်ခေါ်တော်မူပြီးလျှင်၊-
1 Kings 10:25နှစ်စဉ်လာရောက်ကြသူအပေါင်းတို့သည်ကိုယ်စီ ကိုယ်ငှ ရွှေထည်၊ အဝတ်တန်ဆာ၊ လက်နက်၊ နံ့သာ မျိုး၊ မြင်း၊ လားတို့ကိုလက်ဆောင်ပဏ္ဏာအဖြစ် မင်းကြီးအားဆက်သကြလေသည်။