2 ဓမ္မရာဇဝင်တတိယစောင် 5:15
ရှောလမုန်သည်ကျောက်ဆစ်ရန်လူရှစ်သောင်း ကိုလည်းကောင်း၊ ကျောက်သယ်မည့်သူလူခုနစ် သောင်းနှင့်အတူတောင်ပေါ်ဒေသသို့စေ လွှတ်တော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 5
Cross References
Joshua 19:29ထိုမှတစ်ဖန်ရာမမြို့ဘက်သို့လှည့်ပြီးလျှင် တံတိုင်းကာရံထားသောတုရုမြို့သို့ရောက် သည်။ ထိုနောက်ဟောသမြို့သို့လှည့်ပြီးလျှင် မြေထဲပင်လယ်၌အဆုံးသတ်သည်။ နယ် မြေတွင်မဟာလပ်မြို့၊ အာခဇိပ်မြို့၊-
1 Kings 9:20ရှောလမုန်သည်ခါနာန်ပြည်ကိုဣသရေလ အမျိုးသားတို့သိမ်းယူစဉ်အခါက မသတ် ဘဲထားခဲ့သည့်ခါနာန်အမျိုးသားများမှ ဆင်းသက်လာသူတို့ကိုမိမိ၏ချွေးတပ် အဖြစ်အသုံးပြုလေသည်။ ထိုသူတို့အထဲ တွင်အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိနှင့်ယေ ဗုသိအမျိုးသားတို့ပါဝင်ကြ၏။ ထိုသူ တို့၏သားမြေးများသည်ယနေ့တိုင်အောင် ဆက်လက်၍ကျွန်ခံနေရကြသတည်း။-
2 Chronicles 2:1ရှောလမုန်သည်ထာဝရဘုရားအားဝတ် ပြုကိုးကွယ်ရန်အတွက်ဗိမာန်တော်ကို လည်းကောင်း၊ မိမိ၏အတွက်နန်းတော်ကို လည်းကောင်းတည်ဆောက်ရန်အကြံရှိတော် မူ၏။-
2 Chronicles 2:17ရှောလမုန်မင်းသည်ခမည်းတော်ဒါဝိဒ်မင်း သန်းခေါင်စာရင်းကောက်ယူသည့်နည်းတူ ဣသရေလနိုင်ငံတွင်နေထိုင်သူလူမျိုးခြား များကိုသန်းခေါင်စာရင်းကောက်ယူတော် မူရာ လူပေါင်းတစ်သိန်းငါးသောင်းသုံးထောင့် ခြောက်ရာရလေသည်။-
Ezra 2:58ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောရှောလမုန်၏အစေခံများနှင့် ဗိမာန်တော်အလုပ်သမားများ၏သားမြေးဦးရေစုစုပေါင်းမှာ သုံးရာကိုးဆယ့်နှစ်ယောက်ဖြစ်သတည်း။
Nehemiah 7:60ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောဗိမာန်တော်အလုပ်သမားများနှင့် ရှောလမုန်၏အစေခံများမှဆင်းသက်ပေါက်ဖွားလာသူဦးရေစုစုပေါင်းမှာ သုံးရာကိုးဆယ့်နှစ်ယောက်ဖြစ်၏။