2 ဓမ္မရာဇဝင်တတိယစောင် 5:6
သို့ဖြစ်၍ကျွန်ုပ်အတွက်သစ်ကတိုးပင် များကိုခုတ်လှဲပေးရန် လေဗနုန်တောသို့ အဆွေတော်၏လူတို့ကိုစေလွှတ်ပေးစေ လိုပါသည်။ ကျွန်ုပ်အစေခံများသည်လည်း ကူညီစေပါမည်။ အဆွေတော်ဆုံးဖြတ် သည့်အခကြေးငွေကိုကျွန်ုပ်ပေးပါမည်။ အဆွေတော်သိသည့်အတိုင်း ကျွန်ုပ်၏လူ တို့သည်အဆွေတော်၏လူတို့ကဲ့သို့သစ် ခုတ်မှုတွင်မကျွမ်းကျင်ကြပါ'' ဟုမှာ ကြားလိုက်၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 5
Cross References
Deuteronomy 17:16ဘုရင်သည်သူ၏တပ်မတော်အတွက်မြင်း မြောက်မြားစွာမထားရှိစေရ။ ထာဝရ ဘုရားက မိမိ၏လူမျိုးကိုအီဂျစ်ပြည် သို့ပြန်မသွားရဟုအမိန့်တော်ရှိသော ကြောင့် ဘုရင်သည်မြင်းဝယ်ရန်လူများ ကိုထိုပြည်သို့မစေလွှတ်ရ။-
1 Kings 6:16အလွန်သန့်ရှင်းရာဌာနတော်ဟုခေါ်တွင် သောဗိမာန်တော်အတွင်းခန်းသည် အလျား ပေသုံးဆယ်ရှိ၍ယင်းကိုသစ်ကတိုးသား ပျဉ်များဖြင့်မျက်နှာကျက်အထိကာရံ ထား၏။-
1 Kings 9:19ရိက္ခာသိုလှောင်ရာမြို့များ၊ မြင်းများ၊ စစ်ရထား များ၊ စခန်းမြို့များကိုလည်းကောင်း၊ ယေရု ရှလင်မြို့၊ လေဗနုန်တောင်ပေါ်နှင့်နိုင်ငံတော် အတွင်းအခြားဒေသများတွင် မိမိဆောက် လုပ်လိုသမျှသောအဆောက်အအုံများကို လည်းကောင်းချွေးတပ်ဖြင့်ပင်တည်ဆောက်တော် မူ၏။-
2 Chronicles 1:14ထိုနောက်သူသည်စစ်ရထားတစ်ထောင့်လေး ရာနှင့် တိုက်မြင်းတစ်သောင်းနှစ်ထောင်ရှိသော တပ်မတော်ကိုဖွဲ့စည်းတော်မူပြီးလျှင် အချို့ ကိုယေရုရှလင်မြို့၌လည်းကောင်း၊ အချို့ ကိုအခြားမြို့များ၌လည်းကောင်းထားရှိ တော်မူ၏။-
2 Chronicles 2:10ကျွန်ုပ်သည်အဆွေတော်၏အလုပ်သမား များအတွက်ရိက္ခာအဖြစ်ဖြင့်ဂျုံတင်းတစ် သိန်း၊ မုယောဆန်တင်းတစ်သိန်း၊ စပျစ်ရည် ဂါလံတစ်သိန်းတစ်သောင်းနှင့်သံလွင်ဆီ ဂါလံတစ်သိန်းတစ်သောင်းကိုပေးပို့ပါ မည်'' ဟုမှာကြားတော်မူလိုက်၏။
Psalms 29:5ထာဝရဘုရား၏အသံတော်ကြောင့် အာရဇ်ပင်တို့သည်ကျိုးကျကုန်၏။ လေဗနုန်တောမှအာရဇ်ပင်တို့ပင်လျှင် ကျိုးကျကုန်၏။