2 ဓမ္မရာဇဝင်တတိယစောင် 7:13
ရှောလမုန်မင်းသည်တုရုမြို့သား၊ လက်ရာ မြောက်သူကြေးဝါပန်းတဉ်းဆရာဟိရံကို ဖိတ်ခေါ်တော်မူ၏။-
Common Language Bible
In The King James Version
And king Solomon sent and fetched Hiram out of Tyre.
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 7
Cross References
Exodus 31:3သူသည် ရွှေ၊ ငွေ၊ ကြေးဝါတို့ကိုပုံအမျိုးမျိုး ဖော်လုပ်နိုင်သောအတတ်၊ ကျောက်မျက်တို့ ကိုသွေး၍စီခြယ်သောအတတ်၊ သစ်သား ပန်းပုထုသောအတတ်အစရှိသည့်အနု ပညာအတတ်အမျိုးမျိုးတို့ကိုကျွမ်းကျင် ပြောင်မြောက်စေခြင်းငှာ၊ ငါသည်သူ့အား အစွမ်းတန်ခိုးကိုပေးတော်မူပြီ။-
2 Chronicles 2:6သို့ရာတွင်အပြောကျယ်စွာသောကောင်းကင် ပင်လျှင်ကိုယ်တော်၏အတွက်ကျဉ်းမြောင်း သည်ဖြစ်၍ အမှန်စင်စစ်အဘယ်သူမျှ ကိုယ်တော်စံတော်မူရန်ဗိမာန်တော်ကိုတည် ဆောက်နိုင်လိမ့်မည်မဟုတ်ပါ။ သို့ဖြစ်၍ ကျွန်ုပ်သည်ဘုရားသခင်အားနံ့သာပေါင်း ကိုမီးရှို့ပူဇော်ရန်အတွက်သာဗိမာန် တော်ကိုတည်ဆောက်ပါမည်။-
2 Chronicles 4:11ဟိရံသည်အိုးများ၊ ဂေါ်ပြားများနှင့်ခွက် ဖလားများကိုလည်းပြုလုပ်လေသည်။ သူသည် ရှောလမုန်မင်းအားကတိထားသည့်အတိုင်း ဗိမာန်တော်အတွက်အောက်ပါပစ္စည်းတန်ဆာ များကိုပြုလုပ်ပြီးစီးလေသည်။ တိုင်နှစ်လုံး၊ အိုးသဏ္ဌာန်ရှိတိုင်ထိပ်အုပ်နှစ်ခု၊ တိုင်ထိပ်အုပ်တို့အတွက်ပန်းကုန်းပုံများ ပန်းကုန်းများပတ်လည်ရှိအလုံးတစ်ရာစီ ရှိသော သလဲသီးနှစ်တန်းအတွက်သလဲသီးလေးရာ၊ လှည်းဆယ်စီး၊ အင်တုံဆယ်လုံး၊ ရေကန်၊ ရေကန်အောက်ခံနွားတစ်ဆယ့်နှစ်ကောင်၊ အိုးများ၊ဂေါ်ပြားများနှင့်ခက်ရင်းခွများ လက်မှုပညာဆရာဟိရံသည်ထာဝရ ဘုရား၏ဗိမာန်တော်တွင်အသုံးပြုရန် ဤ ပစ္စည်းတန်ဆာအပေါင်းကိုရှောလမုန်မင်း ၏အမိန့်တော်နှင့်အညီတောက်ပြောင်နေသည့် ကြေးဝါဖြင့်ပြုလုပ်လေသည်။