2 ဓမ္မရာဇဝင်တတိယစောင် 8:20
``ယခုအခါထာဝရဘုရားသည် ထိုကတိ တော်ကိုအကောင်အထည်ပေါ်လွင်စေတော်မူ ပြီ။ ငါသည်ခမည်းတော်ဒါဝိဒ်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်ပြီးလျှင် ဣသ ရေလအမျိုးတို့၏ဘုရားသခင်ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရန် ဗိမာန်တော် ကိုတည်ဆောက်၍ပြီးလေပြီ။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 8
Cross References
Joshua 21:45ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ထားတော်မူသောကတိတော် ရှိသမျှအတိုင်းပြုတော်မူသတည်း။
1 Kings 8:15ထိုနောက်မင်းကြီးက``ဣသရေလအမျိုးသား တို့၏ထာဝရဘုရားအားထောမနာပြုကြ လော့။ ကိုယ်တော်သည်ငါ၏ခမည်းတော်ဒါဝိဒ် အားပြုတော်မူခဲ့သည့်ကတိတော်ကိုတည် မြဲစေတော်မူပြီ။-
1 Chronicles 28:6``ထာဝရဘုရားကငါ့အား`သင်၏သား ရှောလမုန်သည်ငါ၏ဗိမာန်တော်ကိုတည် ဆောက်ရမည့်သူဖြစ်၏။ သူ့အားငါသည် ငါ၏သားအဖြစ်ဖြင့်ရွေးချယ်တော်မူ ပြီ။ ငါသည်လည်းသူ၏အဖဖြစ်လိမ့် မည်။-
Psalms 138:2ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏မြင့်မြတ် သန့်ရှင်းသောဗိမာန်တော်ကိုမျက်နှာမူလျက် ဦးညွှတ်ပျပ်ဝပ်ကာကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်နှင့်သစ္စာတော်ကြောင့်နာမတော်ကို ထောမနာပြုပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်၏ နာမတော်နှင့်ကတိတော်တို့သည် အထွတ်အမြတ်ဆုံးဖြစ်ကြောင်းပြသ တော်မူပြီ။
Jeremiah 29:10``ထာဝရဘုရားက`ဗာဗုလုန်မြို့၏သက်တမ်း အနှစ်ခုနစ်ဆယ်စေ့သောအခါ ငါသည်သင် တို့အားပြန်လည်ကြည့်ရှုမည်။ ငါ၏ကတိတော် ရှိသည့်အတိုင်းသင်တို့၏ပြည်သို့ပြန်လည် ပို့ဆောင်မည်။-
Ezekiel 37:14ငါသည်ငါ၏ဝိညာဉ်တော်ကိုသူတို့အား ပေးသွင်း၍ သူတို့အားအသက်ပြန်၍ရှင် လာစေပြီးလျှင် မိမိတို့ကိုယ်ပိုင်ပြည်တွင် နေထိုင်စေမည်။ ထိုအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိ ကြလိမ့်မည်။ ငါသည်ဤအမှုကိုပြု မည်ဟုကတိထားတော်မူပြီ။ ဤကား ငါထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။