2 ဓမ္မရာဇဝင်တတိယစောင် 8:56
မင်းကြီးက``ကတိတော်ရှိသည့်အတိုင်းမိမိ၏ လူမျိုးတော်အားငြိမ်းချမ်းသာယာမှုကိုပေးတော် မူသောထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်သည်မိမိ၏အစေခံမောရှေအားဖြင့် ပေးတော်မူခဲ့သောကတိတော်အပေါင်းကို တစ်သဝေမတိမ်းတည်စေတော်မူပြီ။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 8
Cross References
Deuteronomy 3:20ထာဝရဘုရားသည်သင်တို့အားအေးချမ်း စွာနေထိုင်ခွင့်ပေးတော်မူသည့်နည်းတူ အခြား သောဣသရေလအနွယ်တို့အား ယော်ဒန်မြစ် အနောက်ဘက်နယ်မြေကိုသိမ်းပိုက်၍ အေးချမ်း စွာနေထိုင်ခွင့်ပေးတော်မူသည်တိုင်အောင် သင် တို့သည်သူတို့ကိုကူညီရမည်။ သို့ဆောင်ရွက် ပြီးမှသင်တို့အပေါင်းသည် ငါခွဲဝေပေး သောပြည်သို့ပြန်လာရကြမည်' ဟုညွှန် ကြားခဲ့သည်။
Deuteronomy 12:12ထိုနောက်သင်တို့၏သားသမီးများ၊ ကျေးကျွန် များ၊ သင်တို့၏မြို့များတွင်နေထိုင်သောလေဝိ အမျိုးသားများနှင့်အတူ ကိုယ်တော်၏ရှေ့ တော်၌ဝမ်းမြောက်ကြလော့။ လေဝိအမျိုး သားတို့တွင်ကိုယ်ပိုင်မြေရှိကြမည်မဟုတ် ကြောင်းသတိရကြလော့။-
Joshua 21:45ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ထားတော်မူသောကတိတော် ရှိသမျှအတိုင်းပြုတော်မူသတည်း။
1 Samuel 3:19ရှမွေလသည်ကြီးပြင်း၍လာ၏။ ထာဝရ ဘုရားသည်သူနှင့်အတူရှိတော်မူ၍ ရှမွေလ ဖော်ပြသမျှသောအမှုအရာတို့ကိုဖြစ် ပျက်စေတော်မူ၏။-
1 Chronicles 22:9သို့သော်ကိုယ်တော်သည်ငါ့အားကတိတော် ကိုပေးတော်မူ၏။ ကိုယ်တော်က`သင်သည်တိုင်း နိုင်ငံကိုငြိမ်းချမ်းစွာအုပ်စိုးမည့်သားတစ် ဦးကိုရလိမ့်မည်။ သူသည်မိမိရန်သူများ နှင့်ငြိမ်းချမ်းစွာနေနိုင်ရေးကိုငါပေးမည်။ သူသည်မိမိနန်းသက်အတွင်း ဣသရေလ အမျိုးသားတို့အားငြိမ်းချမ်းလုံခြုံစွာ ထားမည်ဖြစ်၍၊ ရှောလမုန် ဟုနာမည်တွင်လိမ့်မည်။-
Luke 1:54ကိုယ်တော်သည်ငါတို့၏ဘိုးဘေးများအား ပေးခဲ့သည့်ကတိတော်နှင့်အညီ၊ မိမိ၏အစေခံဣသရေလကိုမစတော်မူပြီ။