2 ဓမ္မရာဇဝင်တတိယစောင် 9:3
ထာဝရဘုရားက``ငါသည်သင်၏ဆုတောင်း ပတ္ထနာကိုကြားတော်မူပြီ။ သင်ဆောက်လုပ်သည့် ဤဗိမာန်တော်ကိုငါ့အားထာဝစဉ်ဝတ်ပြု ကိုးကွယ်ရာဌာနတော်အဖြစ်ငါသီးသန့်၍ ထား၏။ ဤဗိမာန်တော်ကိုအခါခပ်သိမ်း ငါကြည့်ရှုစောင့်ရှောက်မည်။-
Common Language Bible
In The King James Version
In Context
2ထာဝရဘုရားသည်ဂိဗောင်မြို့မှာကဲ့သို့ သူ့ အားထင်ရှား၍ဗျာဒိတ်ပေးတော်မူပြန်၏။-
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 9
Cross References
Exodus 29:44ငါသည်ငါစံရာတဲတော်နှင့်ယဇ်ပလ္လင်တို့ကို သန့်ရှင်းစေ၍၊ ယဇ်ပုရောဟိတ်များအဖြစ် ငါ ၏အမှုတော်ကိုဆောင်ရန်အာရုန်နှင့်သူ၏ သားတို့ကိုသီးသန့်ရွေးချယ်ခန့်ထားမည်။-
Deuteronomy 11:12သင်တို့ဘုရားသခင်ထာဝရဘုရားသည် တစ်နှစ်ပတ်လုံးကြည့်ရှုစောင့်ရှောက်တော်မူ သောပြည်ဖြစ်သည်။''
Deuteronomy 12:11ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-
Deuteronomy 16:11သင်တို့၏မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လူမျိုးခြား များ၊ လေဝိအမျိုးသားများ၊ မိဘမဲ့ကလေး များ၊ မုဆိုးမများနှင့်တကွထာဝရဘုရား ၏ရှေ့တော်၌ပျော်ပွဲခံကြလော့။ ထိုပွဲတော် ကိုတစ်ခုတည်းသောဝတ်ပြုရာဌာနတော် တွင်ကျင်းပရမည်။-
1 Kings 8:29ကိုယ်တော်အားဝတ်ပြုကိုးကွယ်ရန်ဌာနတော် အဖြစ်ရွေးချယ်တော်မူရာ ဗိမာန်တော်ကိုနေ့ ညမပြတ်စောင့်ထိန်းကြည့်ရှုတော်မူပါ။ ဤ ဗိမာန်တော်သို့မျက်နှာမူလျက် အကျွန်ုပ်တောင်း လျှောက်သောအခါနားညောင်းတော်မူပါ။-
2 Chronicles 6:40``အို အကျွန်ုပ်၏ဘုရားသခင်၊ ယခုအကျွန်ုပ် တို့ကိုကြည့်ရှုတော်မူ၍ဤဌာနတော်တွင်ပြု သည့်ဆုတောင်းပတ္ထနာများကိုနားညောင်းတော် မူပါ။-