ရှင်ပေတရုဩဝါဒစာပထမစောင် 1:12
ထိုသူတို့ယင်းအကြောင်းအရာများကိုဟော ပြောကြသည်မှာမိမိတို့အကျိုးအတွက် မဟုတ်။ သင်တို့အကျိုးအတွက်ဖြစ်ကြောင်း သင်တို့အားဘုရားသခင်ဖော်ပြတော်မူ ပေသည်။ သင်တို့ထံသတင်းကောင်းကိုယူ ဆောင်လာသူများသည်ထိုပရောဖက်တို့ ကြိုတင်ဟောပြောသည့်အကြောင်းအရာ များကို ကောင်းကင်ဘုံမှသန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးအားဖြင့်သင်တို့ အားဖော်ပြကြေညာသဖြင့်သင်တို့ကြား ရကြပြီ။ ထိုအရာများအကြောင်းကို ကောင်းကင်တမန်များပင်လျှင်သိရှိ နားလည်လိုကြပေသည်။
Common Language Bible
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာပထမစောင် 1
Cross References
Proverbs 1:23ငါဆုံးမသော စကားကို နားထောင်၍ ပြောင်း လဲကြလော့။ ငါ့ဝိညာဉ်ကို သင်တို့အပေါ်သို့ ငါသွန်း လောင်း၍၊ ငါ့စကား၏အနက်အဓိပ္ပါယ်ကို နားလည် စေမည်။
Isaiah 32:15သို့ရာတွင်ဘုရားသခင်သည်မိမိ၏ဝိညာဉ် တော်ကို ငါတို့ထံသို့တစ်ဖန်ပြန်၍စေလွှတ် တော်မူလိမ့်မည်။ ထိုအခါမြေလွတ်မြေရိုင်း များသည်မြေကောင်းမြေသန့်များဖြစ်လာ ကြလျက် လယ်ယာများကောက်ပဲသီးနှံ အမြောက်အမြားထွက်လိမ့်မည်။-
Isaiah 53:1ပြည်သူတို့က၊ ``ငါတို့ယခုဖော်ပြသည့်သတင်းကိုအဘယ် သူသည် ယုံကြည်ပါလိမ့်မည်နည်း။ ဤအဖြစ်အပျက်တွင်ထာဝရဘုရား၏ လက်ရာတော်ကိုအဘယ်သူတွေ့မြင်နိုင် ပါလိမ့်မည်နည်း။
Daniel 2:22ကိုယ်တော်သည်လျှို့ဝှက်နက်နဲသည့် အရာများကိုထုတ်ဖော်တော်မူ၏။ မှောင်မိုက်တွင်ဖုံးကွယ်နေသည့် အရာများကိုသိတော်မူ၏။ ကိုယ်တော်အားအလင်းဝိုင်းရံလျက်ရှိ၏။
Daniel 2:47မင်းကြီးက``သင်သည်ဤလျှို့ဝှက်ခက်ခဲ သောအမှုတို့ကိုဖြေရှင်းနိုင်သည်ဖြစ်၍ သင်၏ဘုရားသခင်သည်ဘုရားတကာ တို့ထက်ကြီးမြတ်တော်မူပါ၏။ ဘုရင် တကာတို့ကိုအစိုးရသောအရှင်၊ လျှို့ ဝှက်ခက်ခဲသောအရာတို့ကိုဖွင့်ပြတော် မူသောအရှင်ဖြစ်တော်မူပါ၏'' ဟုဆို၏။
Daniel 9:24``ခုနစ်ဆယ်ခုနစ်လီနှစ်ကာလသည်ကား သင်၏အမျိုးသားများနှင့် သင်၏သန့်ရှင်း မြင့်မြတ်သောမြို့တော်အား အပြစ်ဒုစရိုက် နှင့်မကောင်းမှုများမှလွတ်မြောက်စေရန် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့် အချိန်ကာလဖြစ်၏။ ရူပါရုံနှင့်ဗျာဒိတ် တော်အကောင်အထည်ပေါ်လာစေရန်နှင့် အသန့်ရှင်းဆုံးဗိမာန်တော်ကိုပြန်လည် ဆက်ကပ်နိုင်ရေးအတွက် ဘုရားသခင် သည်ထိုသူတို့၏အပြစ်များကိုဖြေ လွှတ်တော်မူ၍ ထာဝစဉ်တရားမျှတ မှုစိုးမိုးရာခေတ်ကိုတည်ထောင်တော် မူလိမ့်မည်။-