ရှင်ပေတရုဩဝါဒစာပထမစောင် 1:25
ထာဝရဘုရား၏နှုတ်ကပတ်တော်မူကား ထာဝစဉ်တည်၏'' ဟူ၍ကျမ်းစာ၌ဖော်ပြသည့်အတိုင်းဖြစ် သည်။ ထိုနှုတ်ကပတ်တော်ကားသင်တို့အား ကြေညာသည့်သတင်းကောင်းဖြစ်ပေသည်။
Common Language Bible
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာပထမစောင် 1
Cross References
Psalms 102:12သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ထာဝရဘုရင်ဖြစ် တော်မူပါ၏။ နာမတော်သည်ကာလအစဉ်အဆက်တည်လိမ့်မည်။
Psalms 119:89အို ထာဝရဘုရား" နှုတ်ကပတ်တော်သည်ကောင်းကင်ဘုံ၌ ထာဝစဉ်တည်ရှိပါ၏။
Matthew 5:18သင်တို့အားအမှန်အကန်ငါဆိုသည်ကားကောင်း ကင်နှင့်မြေကြီးတည်ရှိသမျှကာလပတ်လုံး ပညတ်ကျမ်းမှအက္ခရာတစ်လုံး၊ ဝစ္စတစ်လုံးမျှ ပင်မပျောက်ပျက်ရ။ ထိုကျမ်းတွင်ဖော်ပြသော အမှုအရာအလုံးစုံတို့သည်ဖြစ်ပျက်ရမည်။-
John 1:1ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီကပင် နှုတ်ကပတ်တော်ရှိတော်မူ၏။ နှုတ်ကပတ်တော် သည်ဘုရားသခင်နှင့်အတူရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်းဘုရားဖြစ်တော်မူ၏။-
1 Corinthians 1:21လူသည်မိမိကိုယ်ပိုင်ဉာဏ်ဖြင့်ဘုရားသခင် အားမသိနိုင်စေရန် ကိုယ်တော်သည်ရွှေဉာဏ် တော်ဖြင့်စီမံထားတော်မူ၏။ အချည်းနှီးသော တရားဖြစ်သည်ဟုလူတို့ထင်မှတ်သောငါ တို့ကြေညာသည့်သတင်းကောင်းအားဖြင့် ဘုရားသခင်သည်မိမိကိုယုံကြည်သူတို့ အားကယ်တင်တော်မူရန်စီမံတော်မူပေသည်။-
1 Corinthians 15:1ညီအစ်ကိုတို့၊ သင်တို့အားငါဟောပြောသည့် သတင်းကောင်းကိုပြန်လည်သတိရစေလို၏။ ထိုသတင်းကောင်းကိုသင်တို့ခံယူကာယင်း အပေါ်၌ သင်တို့၏ယုံကြည်ခြင်းခိုင်မြဲစွာ အမြစ်စွဲလျက်ရှိပေသည်။-