ရှင်ပေတရုဩဝါဒစာပထမစောင် 2:23
မိမိအားပုတ်ခတ်ပြောဆိုသောအခါတုံ့ပြန် ပုတ်ခတ်ပြောဆိုမှုပြုတော်မမူ။ ဝေဒနာခံ တော်မူရသောအခါခြိမ်းခြောက်တော်မမူဘဲ ဖြောင့်မှန်စွာတရားစီရင်တော်မူသောဘုရား သခင်၏လက်တော်သို့မိမိ၏အမှုကိုအပ် တော်မူ၏။-
Common Language Bible
In The King James Version
In Context
22ကိုယ်တော်သည်အပြစ်မကူး၊ မုသားကို လည်းအဘယ်အခါ၌မျှသုံးတော်မမူ။-
Read all of ရှင်ပေတရုဩဝါဒစာပထမစောင် 2
Cross References
Genesis 18:25ကိုယ်တော်သည်အပြစ်မဲ့သူများကို အပြစ်ရှိ သူတို့နှင့်ရော၍သုတ်သင်ပစ်မည်လော။ ထိုသို့ မဖြစ်နိုင်ပါ။ ကိုယ်တော်သည်ထိုသို့မပြုနိုင် ပါ။ ကိုယ်တော်သည်ထိုသို့ပြုလျှင် အပြစ်မဲ့သူ တို့သည်အပြစ်ရှိသူတို့နှင့်အတူဒဏ်ခံရ ကြပါမည်။ ထိုသို့မဖြစ်ပါစေနှင့်။ ကမ္ဘာမြေ ကြီးတစ်ခုလုံးကိုတရားစီရင်သောအရှင် သည် တရားမျှတစွာစီရင်တော်မူမည်မဟုတ် ပါလော'' ဟုလျှောက်လေ၏။
Psalms 10:14သို့ရာတွင်ကိုယ်တော်သည်ဒုက္ခဝေဒနာများကို အမှန်ပင်မြင်၍မစရန်အမြဲအသင့် ရှိတော်မူပါ၏။ ခိုးကိုးရာမဲ့သူသည်မိမိကိုယ်ကိုလက်တော်သို့ အပ်တတ်ပါ၏။ ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူတို့ကို အစဉ်အမြဲကူမတော်မူခဲ့ပါ၏။
Psalms 37:5သင်သည်မိမိကိုယ်ကိုဘုရားသခင်လက်သို့ အပ်နှံလော့။ ကိုယ်တော်ကိုကိုးစားလော့။ သို့ပြုလျှင်ကိုယ်တော်သည်သင့်ကို ကူမတော်မူလိမ့်မည်။
Psalms 96:13အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုအုပ်စိုးရန် ကြွလာတော်မူပြီဖြစ်သောကြောင့်တည်း။ ကိုယ်တော်သည်ကမ္ဘာသူကမ္ဘာသားတို့အား တရားမျှတစွာအုပ်စိုးတော်မူလိမ့်မည်။
Matthew 27:39လမ်းသွားလမ်းလာများကဦးခေါင်းခါလျက် ``ဗိမာန် တော်ကိုဖြိုဖျက်၍သုံးရက်အတွင်းပြန်လည်တည် ဆောက်မည့်သူ၊ သင့်ကိုယ်ကိုသင်ကယ်တင်လော့။ သင် သည်ဘုရားသခင်၏သားတော်မှန်လျှင် လက်ဝါး ကပ်တိုင်ပေါ်မှဆင်းခဲ့လော့'' ဟုကိုယ်တော်အား ကဲ့ရဲ့ကြ၏။
Mark 15:29လမ်းသွားလမ်းလာသူတို့သည်ခေါင်းညိတ်လျက် ``ဟဲ့ဗိမာန်တော်ကိုဖြိုဖျက်၍သုံးရက်အတွင်း ပြန်လည်တည်ဆောက်မည့်သူ၊-