ရှင်ပေတရုဩဝါဒစာပထမစောင် 2:9
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာပထမစောင် 2
Cross References
Exodus 19:5သင်တို့သည်ငါ၏စကားကိုနားထောင်၍၊ ငါ ၏ပဋိညာဉ်ကိုစောင့်ထိန်းလျှင်ငါပိုင်သော လူမျိုးဖြစ်ကြလိမ့်မည်။ ဤကမ္ဘာမြေကြီး အလုံးစုံကိုငါပိုင်တော်မူသည်။ သို့သော် သင်တို့သည်ငါရွေးကောက်တော်မူသော သူများဖြစ်ရကြမည်။-
Deuteronomy 7:6သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုပိုင်သောကြောင့်ထိုသို့ဆောင်ရွက်ရ မည်။ ကမ္ဘာပေါ်တွင်ရှိသမျှသောလူမျိုးတို့ အနက် သင်တို့ကိုမိမိ၏အထူးလူမျိုး တော်အဖြစ်ထာဝရဘုရားရွေးချယ်တော် မူ၏။''
Deuteronomy 14:2ထာဝရဘုရားသည်ကမ္ဘာပေါ်ရှိလူမျိုး အပေါင်းတို့အနက် သင်တို့အားမိမိ၏လူမျိုး တော်အဖြစ်ရွေးကောက်တော်မူသည်ဖြစ်သော ကြောင့် သင်တို့ကိုသင်တို့၏ဘုရားသခင် ထာဝရဘုရားပိုင်တော်မူ၏။''
Deuteronomy 26:18ထာဝရဘုရားသည် ကတိတော်အတိုင်း သင်တို့အားကိုယ်တော်၏လူမျိုးတော်အဖြစ် ယနေ့လက်ခံတော်မူပြီ။ သင်တို့သည်ပညတ် တော်ရှိသမျှတို့ကိုလိုက်နာရန်မိန့်မှာ တော်မူ၏။-
Psalms 33:12ထာဝရဘုရားအားဘုရားအဖြစ်နှင့်ကိုးကွယ် သော လူမျိုးသည်မင်္ဂလာရှိ၏။ ကိုယ်တော်၏လူစုတော်အဖြစ်ဖြင့် ရွေးချယ်တော်မူခြင်းကိုခံရသောလူတို့သည် မင်္ဂလာရှိကြ၏။
Psalms 106:5ကိုယ်တော်ရှင်၏လူစုတော်ကောင်းစားသည်ကို ကျွန်တော်မျိုးမြင်ပါရစေ။ ကိုယ်တော်ရှင်၏ပြည်တော်သားများ ဝမ်းမြောက်ရာ၌လည်းကောင်း၊ ကိုယ်တော်ပိုင်တော်မူသောသူတို့ရွှင်လန်းအား ရစွာ ဂုဏ်ယူဝါကြွားရာ၌လည်းကောင်းကျွန်တော်မျိုး ပါဝင်ပါရစေ။