ရှင်ပေတရုဩဝါဒစာပထမစောင် 3:5
ရှေးအခါကဘုရားတရားကြည်ညို၍ ဘုရားသခင်ကိုမျှော်လင့်ကိုးစားသော အမျိုးသမီးတို့သည် မိမိတို့ခင်ပွန်းများ ၏စကားကိုနားထောင်ခြင်းအားဖြင့်လှပ အောင်တန်ဆာဆင်ကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာပထမစောင် 3
Cross References
1 Samuel 2:1ဟန္နသည်ဤသို့ဆုတောင်းပတ္ထနာပြုသည်။ ``ထာဝရဘုရားသည်ကျွန်မအားစိတ်ရွှင်လန်း စေတော်မူပြီ။ ကျွန်မသည်ကိုယ်တော်ပြုတော်မူသော အမှုကိုထောက်၍ဝမ်းမြောက်ပါ၏။ ကျွန်မသည်ရန်သူတို့အားပြက်ရယ်ပြုခွင့် ရပါ၏။ ဘုရားသခင်သည်ကျွန်မကိုကူမတော်မူပြီ ဖြစ်၍ ကျွန်မသည်စိတ်ရွှင်လန်းပါ၏။
Proverbs 31:30ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့် ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ် ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော မိန်းမမူကား၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။
Luke 2:37ထိုနောက်အသက်ရှစ်ဆယ့်လေးနှစ်တိုင်အောင်မုဆိုး မဘဝနှင့်နေ၏။ သူသည်ဆုတောင်းပတ္ထနာပြု၍ အစာရှောင်လျက် နေ့ညမလပ်ဘုရားဝတ်၌ မွေ့လျော်ကာဗိမာန်တော်ထဲမှမထွက်မခွာ ဘဲနေ၏။-
Acts 1:14သူတို့သည်သခင်ယေရှုနှင့်မယ်တော်ဖြစ်သူ မာရိအပါအဝင်အမျိုးသမီးအချို့တို့ နှင့်လည်းကောင်း၊ ကိုယ်တော်၏ညီတော်များနှင့် လည်းကောင်း မကြာခဏတွေ့ဆုံ၍ဆုတောင်း ပတ္ထနာပြုလျက်နေကြ၏။
1 Timothy 2:10သူတို့သည်ဘုရားဝတ်၌မွေ့လျော်သူများ ပြုသင့်သည့်အတိုင်း ကောင်းမြတ်သောအကျင့် များဖြင့်မိမိတို့ကိုယ်ကိုတန်ဆာဆင်ကြ ရ၏။-
1 Timothy 5:5တစ်ကိုယ်ရေတစ်ကာယဖြစ်သောမုဆိုးမသည် မိမိအားပြုစုမည့်သူမရှိသဖြင့်ဘုရား သခင်ကိုအားကိုးမျှော်လင့်လျက် နေ့ည မပြတ်ဆုတောင်းပတ္ထနာပြု၍ကိုယ်တော်၏ အကူအညီကိုတောင်းခံတတ်၏။-