ရှင်ပေတရုဩဝါဒစာပထမစောင် 3:7
ထိုနည်းတူစွာခင်ပွန်းတို့၊ သင်တို့သည်မိမိတို့ ဇနီးများအားနွဲ့သူများဖြစ်သည်ကိုထောက်၍ သူတို့နှင့်ပေါင်းသင်းနေထိုင်ရကြမည်။ သူတို့ သည်သက်ဆိုင်ရာဆုကျေးဇူးကိုသင်တို့နှင့် အတူခံစားရကြမည့်သူများဖြစ်သဖြင့် သင်တို့သည်သူတို့ကိုလေးစားစွာဆက်ဆံ ရကြမည်။ သို့မှသာသင်တို့၏ပတ္ထနာများ ကိုအဆီးအတားရှိမည်မဟုတ်။
Common Language Bible
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာပထမစောင် 3
Cross References
Genesis 2:23လူကလည်း၊ ``ဤသူသည်ငါ့အရိုးမှအရိုး၊ငါ့အသားမှ အသားဖြစ်၏။ သူ့အားလူယောကျာ်းမှထုတ်ယူရသဖြင့် `လူမိန်းမ' ဟုမှည့်ခေါ်ရမည်'' ဟုဆို၏။
Proverbs 5:15ကိုယ်ဆိုင်သော ရေအိုးကို သုံး၍၊ ကိုယ်ရေတွင်း ထဲက ထွက်သော စမ်းရေကို သောက်လော့။
Matthew 5:23သို့ဖြစ်၍သင်သည်ယဇ်ပလ္လင်တော်တွင်ပူဇော် သကာဆက်သမည်ပြုစဉ် မိမိအပေါ်၌ညီအစ်ကို တစ်ဦးတစ်ယောက်၏မကျေနပ်မှုကိုသတိရ ခဲ့သော်၊-
Matthew 19:3ဖာရိရှဲအချို့တို့သည်အထံတော်သို့လာ၍ ``လူ တစ်စုံတစ်ယောက်သည်မည်သည့်အကြောင်းကြောင့် မဆို မိမိ၏မယားနှင့်ကွာရှင်းအပ်ပါသလော'' ဟုပရိယာယ်ဆင်၍မေးလျှောက်ကြ၏။
1 Corinthians 7:3လင်သည်မယားအားပြုသင့်သည့်ဝတ်ကိုလည်း ကောင်း၊ မယားသည်လင်အားပြုသင့်သည့်ဝတ်ကို လည်းကောင်းပြုလျက် တစ်ဦး၏အလိုကိုတစ်ဦး ကဖြည့်တင်းပေးရာ၏။-
Ephesians 3:6ထိုနက်နဲသောအရာကားသတင်းကောင်း အားဖြင့် လူမျိုးခြားတို့သည်ယုဒအမျိုး သားများနှင့်အတူ ဘုရားသခင်၏ကောင်း ချီးမင်္ဂလာကိုခံစားခွင့်ရရှိကြ၏။ သူတို့ သည်ခန္ဓာတော်၏အင်္ဂါများဖြစ်၍ခရစ်တော် ယေရှုအားဖြင့် ဘုရားသခင်ပေးတော်မူ သောကတိတော်ကိုပါဝင်ခံစားခွင့်ရရှိ ကြ၏။