ရှင်ပေတရုဩဝါဒစာပထမစောင် 4:18
ကျမ်းစာတော်ကဖော်ပြသည်နှင့်အညီ ``အကယ်၍သူတော်ကောင်းများပင်လျှင် ကယ်တင်ခြင်းခံရရန်ခက်ခဲပါမူ ဘုရားတရားမဲ့သည့်အပြစ်ကူးသူတို့အဖို့ မည်သို့ဖြစ်လိမ့်မည်နည်း''
Common Language Bible
In The King James Version
And if the righteous scarcely be saved, where shall the ungodly and the sinner appear?
In Context
Read all of ရှင်ပေတရုဩဝါဒစာပထမစောင် 4
Cross References
Genesis 13:13သောဒုံမြို့သားတို့သည်ဆိုးသွမ်း၍ ထာဝရဘုရားရှေ့တော်၌အပြစ်များသောသူများဖြစ်ကြ၏။
Psalms 1:4သို့ရာတွင်၊သူယုတ်မာတို့မူကားအဘယ်နည်းနှင့်မျှဤသို့မဖြစ်နိုင်။ သူတို့သည်လေတိုက်ရာတွင်လွင့်ပါသွားတတ်သောဖွဲနှင့်တူကြ၏။
Jeremiah 25:29ငါသည်ဖျက်ဆီးရန်လုပ်ငန်းကိုငါ၏နာမ တော်ကိုဆောင်သောမြို့တော်မှအစပြုမည်။ ထိုမြို့သားတို့သည်အပြစ်ဒဏ်ခံရကြ တော့မည်မဟုတ်ဟုထင်မှတ်ကြသလော။ ငါသည်ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့ ထံသို့စစ်မက်အန္တရာယ်ကိုစေလွှတ်မည် ဖြစ်၍ သူတို့သည်အမှန်ပင်အပြစ်ဒဏ်ခံ ရကြလိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
Zechariah 13:9``ထိုနောက်ငါသည်ငွေကိုမီးနှင့်ချွတ်သကဲ့ သို့ အသက်မသေဘဲကျန်ရှိနေသူသုံးပုံ တစ်ပုံကိုသန့်စင်စေမည်။ သူတို့၏အကဲကို စမ်း၍ကြည့်မည်။ ငါသည်ရွှေကိုစမ်းသပ်၍ ကြည့်သကဲ့သို့သူတို့ကိုစမ်းသပ်ကြည့်မည်။ ထိုအခါသူတို့သည်ငါ့ထံသို့ဆုတောင်း ပတ္ထနာပြုကြလိမ့်မည်။ ငါသည်လည်းနား ညောင်းမည်။ သူတို့သည်ငါ၏လူမျိုးတော် ဖြစ်ကြောင်းသူတို့အားငါဖော်ပြမည်။ သူ တို့ကလည်းငါသည်မိမိတို့၏ဘုရားသခင်ဖြစ်တော်မူကြောင်းဝန်ခံကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
Mark 13:20ထာဝရဘုရားသည်ထိုနေ့ရက်ကာလကိုတိုစေ တော်မမူလျှင် အဘယ်သူမျှအသက်ဘေးမှ ကင်းလွတ်နိုင်လိမ့်မည်မဟုတ်။ သို့ရာတွင်ကိုယ်တော် သည်မိမိရွေးချယ်ထားတော်မူသောသူများ အဖို့အလို့ငှာထိုနေ့ရက်ကာလကိုတိုစေ တော်မူပြီ။
Luke 23:31စိမ်းစိုသောအပင်ကိုဤသို့ပြုကြပါမူ အပင်သည်ခြောက်သွေ့သောအခါမည်သို့ ဖြစ်လိမ့်မည်နည်း'' ဟုမိန့်တော်မူ၏။