ရှင်ပေတရုဩဝါဒစာပထမစောင် 5:12
ငါသည်ဤစာတိုကလေးကိုသိလွာနု၏အကူ အညီဖြင့် သင်တို့ထံသို့ရေးသားပေးပို့လိုက်၏။ သူသည်သစ္စာရှိသောညီအစ်ကိုဟုငါမှတ်ယူ၏။ သင်တို့အားတိုက်တွန်းအားပေးစကားပြောကြား ရန်နှင့် သင်တို့ခံစားရသည့်ကျေးဇူးတော်သည် ဘုရားသခင်၏ကျေးဇူးတော်အစစ်အမှန် ဖြစ်ကြောင်းကိုသက်သေခံရန် ဤစာကိုရေးပို့ လိုက်၏။ ထိုကျေးဇူးတော်တွင်ကြံ့ခိုင်စွာ ရပ်တည်ကြလော့။
Common Language Bible
In The King James Version
In Context
11ကိုယ်တော်သည်ထာဝစဉ်တန်ခိုးတော်ကြီး တော်မူပါစေသတည်း။ အာမင်။
Read all of ရှင်ပေတရုဩဝါဒစာပထမစောင် 5
Cross References
John 21:21ပေတရုသည်ထိုတပည့်တော်ကိုမြင်သောအခါ ``သခင်ဘုရား၊ ဤသူသည်လည်းအဘယ်သို့ ဖြစ်ပါလိမ့်မည်နည်း'' ဟုမေးလျှောက်၏။
Acts 20:24သို့သော်ငါ့အတွက်သတ်မှတ်ထားသည့်အလုပ် တာဝန်ကိုလည်းကောင်း၊ သခင်ယေရှုပေးအပ် တော်မူသည့်အမှုတော်ကိုလည်းကောင်း၊ ပြီးဆုံး အောင်ဆောင်ရွက်နိုင်မှုသာလျှင်ပဋ္ဌာနဖြစ် သဖြင့် ငါသည်မိမိ၏အသက်ကိုနှမြော ခြင်းမရှိ။ ကိုယ်တော်ပေးအပ်တော်မူသည့် အမှုတော်ကား ဘုရားသခင်၏ကျေးဇူး တော်အကြောင်းသတင်းကောင်းကိုကြေညာ ရန်ပင်ဖြစ်သတည်း။''
1 Corinthians 15:1ညီအစ်ကိုတို့၊ သင်တို့အားငါဟောပြောသည့် သတင်းကောင်းကိုပြန်လည်သတိရစေလို၏။ ထိုသတင်းကောင်းကိုသင်တို့ခံယူကာယင်း အပေါ်၌ သင်တို့၏ယုံကြည်ခြင်းခိုင်မြဲစွာ အမြစ်စွဲလျက်ရှိပေသည်။-
2 Corinthians 1:24သင်တို့သည်မည်သည့်အရာကိုယုံကြည်ရ မည်ကိုသင်တို့အားအမိန့်ပေးရန်ငါတို့ ကြိုးစားနေခြင်းမဟုတ်။ သင်တို့၏ယုံကြည် ခြင်းသည်ခိုင်မာလျက်ရှိကြောင်းငါတို့သိ ကြ၏။ ငါတို့သည်သင်တို့၏ရွှင်လန်းဝမ်း မြောက်မှုအတွက်သင်တို့နှင့်အတူလုပ် ဆောင်နေခြင်းသာဖြစ်၏။
Ephesians 3:3ဘုရားသခင်သည်မိမိ၏နက်နဲသောအကြံ အစည်တော်ကိုငါ့အားဖွင့်ပြတော်မူ၏။ (ဤ အကြောင်းအရာနှင့်ပတ်သက်၍သင်တို့အား အကျဉ်းအားဖြင့်ငါဖော်ပြခဲ့ပြီးပေပြီ။-
Colossians 1:7ဘုရားသခင်၏ကျေးဇူးတော်အကြောင်း ကိုသင်တို့အားသင်ကြားပေးသူမှာ ငါတို့ နှင့်အတူခရစ်တော်၏အမှုတော်ကိုထမ်း ဆောင်သူ၊ ငါတို့ချစ်မြတ်နိုးသူဧပဖြဖြစ်၏။ သူသည်ငါတို့၏ကိုယ်စားသစ္စာရှိစွာခရစ် တော်၏အမှုတော်ကိုထမ်းဆောင်သူဖြစ် ပေသည်။-