ရှင်ပေတရုဩဝါဒစာပထမစောင် 5:3
သင်တို့လက်ဝယ်အပ်ထားသည့်သူတို့အပေါ် တွင်အစိုးတရမပြုကြနှင့်။ သိုးစု၏ရှေ့၌ စံနမူနာကောင်းကိုပြကြလော့။-
Common Language Bible
In The King James Version
Neither as being lords over God’s heritage, but being ensamples to the flock.
In Context
Read all of ရှင်ပေတရုဩဝါဒစာပထမစောင် 5
Cross References
Psalms 33:12ထာဝရဘုရားအားဘုရားအဖြစ်နှင့်ကိုးကွယ် သော လူမျိုးသည်မင်္ဂလာရှိ၏။ ကိုယ်တော်၏လူစုတော်အဖြစ်ဖြင့် ရွေးချယ်တော်မူခြင်းကိုခံရသောလူတို့သည် မင်္ဂလာရှိကြ၏။
Ezekiel 34:4အားနည်းသောသိုးတို့ကိုမကြည့်ရှု။ နာ ဖျားသောသိုးတို့ကိုလည်းဆေးမကု။ ဒဏ် ရာရသောသိုးတို့ကိုအဝတ်နှင့်မစည်း။ လမ်းမှားသည့်သိုးတို့ကိုပြန်၍မစုသိမ်း။ ပျောက်သောသိုးတို့ကိုလည်းမရှာဘဲသင် တို့သည်ထိုသိုးတို့ကိုမညှာမတာပြုမူ ကြ၏။-
Matthew 20:25သခင်ယေရှုသည်တပည့်တော်တို့ကိုအထံတော် သို့ခေါ်တော်မူလျက် ``မင်းစိုးရာဇာတို့သည်ပြည် သူတို့အပေါ်ဝယ် တန်ခိုးအာဏာရှိကြောင်းကို လည်းကောင်း၊ ပြည်သူ့ခေါင်းဆောင်များသည်လည်း ပြည်သူတို့အား အစိုးတရပြုတတ်ကြောင်းကို လည်းကောင်းသင်တို့သိကြ၏။-
Mark 10:42ထိုအခါသခင်ယေရှုသည်တပည့်တော်တို့ ကိုခေါ်တော်မူလျက် ``မင်းစိုးရာဇာတို့သည် ပြည်သူတို့အပေါ်ဝယ်အစိုးတရပြုတတ် ကြ၏။ အကြီးအကဲတို့သည်အာဏာကို သုံးတတ်ကြသည်။-
Acts 20:28သို့ဖြစ်၍သင်တို့သည်မိမိတို့ကိုကိုယ်လည်း ကောင်း၊ သင်တို့လက်သို့ သန့်ရှင်းသောဝိညာဉ်တော် ပေးအပ်ထားသည့်သိုးစုကိုလည်းကောင်းစောင့် ရှောက်ကြည့်ရှုကြလော့။ ဘုရားသခင်၏အသင်း တော်ကိုသိုးထိန်းသဖွယ်စောင့်ထိန်းကြည့်ရှုကြ လော့။ ကိုယ်တော်သည်မိမိသားတော်အသေခံ သောအားဖြင့် ထိုအသင်းတော်ကိုမိမိပိုင်ဆိုင် ရာဖြစ်စေတော်မူသည်။-
1 Corinthians 3:9ငါတို့သည်ဘုရားသခင်၏ထံတော်၌အလုပ် လုပ်သောလုပ်ဖော်ကိုင်ဘက်ဖြစ်ကြ၏။ သင်တို့ သည်ကားဘုရားသခင်၏ဥယျာဉ်တော်ဖြစ်၏။ သင်တို့သည်ဘုရားသခင်၏ကျောင်းတော်တိုက် လည်းဖြစ်၏။-