ရှင်ပေတရုဩဝါဒစာပထမစောင် 5:9
သင်တို့သည်မိမိတို့၏ယုံကြည်ခြင်းကိုခိုင်မာ စေလျက်သူ၏ရန်ကိုတွန်းလှန်ကြလော့။ အဘယ် ကြောင့်ဆိုသော်သင်တို့သိကြသည့်အတိုင်းကမ္ဘာ တစ်ဝန်းလုံးရှိသင်တို့၏ညီအစ်ကိုအပေါင်း တို့သည် ဤသို့သောဆင်းရဲဒုက္ခနှင့်ကြုံတွေ့ လျက်ရှိနေကြသောကြောင့်ဖြစ်၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာပထမစောင် 5
Cross References
Luke 22:32သို့ဖြစ်၍သင်၏ယုံကြည်ခြင်းခိုင်မြဲစေရန် ငါဆုတောင်းလေပြီ။ သင်သည်သတိတရား ပြန်လည်ရရှိသောအခါသင်၏ညီအစ်ကို များအားခွန်အားဖြည့်တင်းပေးရမည်'' ဟု မိန့်တော်မူ၏။
Acts 14:22``ငါတို့သည်ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရန် ဒုက္ခဆင်းရဲများစွာခံရကြလိမ့်မည်'' ဟုဟောပြောသွန်သင်ကာတပည့်တော်တို့ အားကြံ့ခိုင်စေကြ၏။ သူတို့၏ယုံကြည်ခြင်း ခိုင်မြဲစေရန်အားပေးနှိုးဆော်ကြ၏။-
Ephesians 4:27မာရ်နတ်ကိုအခွင့်မပေးကြနှင့်။-
Ephesians 6:16ယုံကြည်ခြင်းတည်းဟူသောဒိုင်းလွှားကို အမြဲဆွဲကိုင်ထားကြလော့။ သင်တို့သည် ထိုဒိုင်းလွှားအားဖြင့်မာရ်နတ်ပစ်ခတ်သော မီးမြားလက်နက်ဟူသမျှကိုငြိမ်းသတ် နိုင်လိမ့်မည်။-
1 Thessalonians 2:15ယုဒအမျိုးသားတို့သည်သခင်ယေရှုနှင့် ပရောဖက်တို့ကိုသတ်ဖြတ်၍ငါတို့ကိုညှဉ်း ဆဲသူများ၊ ဘုရားသခင်နှစ်သက်တော်မမူ သောသူများ၊ လူအပေါင်းတို့၏ရန်သူများ ဖြစ်ကြ၏။-
1 Timothy 6:12ယုံကြည်ခြင်းဆိုင်ရာပြေးပွဲတွင်အစွမ်း ကုန်ပြေး၍ထာဝရအသက်တည်းဟူသော အောင်ဆုကိုသင်ရရှိစေရန် သင့်အားဘုရား သခင်ခေါ်ယူတော်မူသောအခါ၌ သင် သည်များစွာသောအသိသက်သေတို့ရှေ့ တွင်သင်၏ယုံကြည်ခြင်းကိုခိုင်မာစွာ ဝန်ခံခဲ့ပေသည်။-