2 ဓမ္မရာဇဝင်ပထမစောင် 1:19
နောက်တစ်နေ့၌ဧလကာနနှင့်အိမ်ထောင်စုသား တို့သည် နံနက်စောစောထ၍ဘုရားသခင်အား ကိုးကွယ်ဝတ်ပြုကြ၏။ ထိုနောက်ရာမမြို့နေအိမ် သို့ပြန်ကြ၏။ ဧလကာနသည်သူ၏ဇနီးဟန္န နှင့်ဆက်ဆံလေ၏။ ဘုရားသခင်သည်ဟန္န၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူသဖြင့်၊-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 1
Cross References
Genesis 8:1ဘုရားသခင်သည်နောဧနှင့်တကွသင်္ဘောပေါ် တွင် ရှိသမျှသောတိရစ္ဆာန်အပေါင်းတို့ကိုမေ့ တော်မမူ။ သို့ဖြစ်၍လေကိုတိုက်စေသဖြင့် ရေသည်စ၍ကျဆင်းလေ၏။-
Genesis 30:22ဘုရားသခင်သည်ရာခေလကိုသတိရ၍ သူ ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူသဖြင့် သားသမီးဖွားခွင့်ကိုပေးတော်မူ၏။-
1 Samuel 1:1ဧဖရိမ်တောင်ကုန်းဒေသရှိရာမမြို့တွင် ဧလကာနဟုနာမည်တွင်သောလူတစ် ယောက်ရှိ၏။ သူသည်ဧဖရိမ်အနွယ်ဝင်ဖြစ် ၍အဖမှာယေရောဟံ၊ အဖိုးကားဧလိ ဖြစ်၏။ သူသည်ဇုဖသားချင်းစု၊ တောဟူ အိမ်ထောင်စုဝင်ဖြစ်သတည်း။-
1 Samuel 2:11ထိုနောက်ဧလကာနသည် ရာမမြို့ရှိမိမိ၏နေ အိမ်သို့ပြန်လေ၏။ သို့ရာတွင်သူငယ်ရှမွေလ မူကားရှိလောမြို့တွင်နေရစ်၍ ယဇ်ပုရောဟိတ် ဧလိ၏လက်အောက်၌ထာဝရဘုရား၏အမှု တော်ကိုဆောင်ရွက်လေ၏။
1 Samuel 8:4ထိုအခါဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့သည် စုဝေး၍ရာမမြို့ ရှိရှမွေလထံသို့သွားပြီးလျှင်၊-
1 Samuel 15:34ထိုနောက်ရှမွေလသည်ရာမမြို့သို့သွား ၏။ ရှောလုမင်းသည်လည်းဂိလဂါလနန်း တော်သို့ပြန်လေ၏။-