2 ဓမ္မရာဇဝင်ပထမစောင် 1:22
သို့ရာတွင်ယခုအကြိမ်၌ဟန္နသည်မလိုက် ဘဲနေ၏။ သူသည်မိမိခင်ပွန်းအား``ကလေး ကိုနို့ဖြတ်ပြီးလျှင်ပြီးချင်း သူ့အားထာဝရ ဘုရား၏အိမ်တော်တွင်အမြဲနေစေရန် ကျွန်မခေါ်ဆောင်သွားပါမည်'' ဟုပြော၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 1
Cross References
Leviticus 25:23မြေကိုသင်တို့မပိုင်။ ဘုရားသခင်သာပိုင် သဖြင့် ယင်းကိုအပြီးအပိုင်မရောင်းရ။ သင် တို့သည်ဧည့်သည်အာဂန္တုအဖြစ်နှင့်သာ ထို ပြည်သို့ဝင်ရောက်အခြေစိုက်နေထိုင်သူ များဖြစ်ကြမည်။
Joshua 4:7သင်တို့ကထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ယော်ဒန်မြစ်ကိုဖြတ်ကူးစဉ်အခါက မြစ်ရေစီးရပ်တန့်သွားကြောင်းပြန်ပြောရ ကြမည်။ ဤကျောက်တုံးများသည်ဤအရပ် တွင်ဖြစ်ပျက်ခဲ့သမျှတို့ကိုဣသရေလ အမျိုးသားတို့အားအစဉ်သတိရစေ လိမ့်မည်'' ဟုဆို၏။
1 Samuel 1:28သို့ဖြစ်၍ကျွန်မသည်သူ့ကိုထာဝရဘုရား အား ဆက်ကပ်အပ်နှင်းပါ၏။ သူအသက်ရှင် သမျှကာလပတ်လုံးထာဝရဘုရား အားအပ်နှင်းပါ၏'' ဟုလျှောက်ထား၏။ ထိုနောက်သူတို့သည်ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ကြ၏။
1 Samuel 2:18ဤအတောအတွင်း၌သူငယ်ရှမွေလသည် ပိတ်ချောသင်တိုင်းကိုဝတ်၍ထာဝရဘုရား ၏အမှုတော်ကိုဆောင်လျက်နေ၏။-
Psalms 23:6ဧကန်မုချကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ၏ ကျေးဇူးနှင့်ကရုဏာတော်ကိုတစ်သက်လုံး ခံစား၍ ကိုယ်တော်ရှင်၏အိမ်တော်မှာအသက်ရှင်သမျှ ကာလပတ်လုံးနေရပါလိမ့်မည်။
Psalms 110:4``သင်သည်ယဇ်ပုရောဟိတ်မင်းမေလခိ ဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်'' ဟု ထာဝရဘုရားသခင်သည်ကျိန်ဆို ကတိပေးတော်မူသည်ဖြစ်ရာ ထိုကတိတော်ကိုပြန်လည်ရုပ်သိမ်းတော်မူ လိမ့်မည် မဟုတ်ပါ။