2 ဓမ္မရာဇဝင်ပထမစောင် 1:9
အခါတစ်ပါး၌သူတို့သည်ရှိလောမြို့ရှိထာဝရ ဘုရား၏အိမ်တော်တွင် အစားအစာစားသောက် ကြပြီးသောအခါ ဟန္နသည်စိတ်မချမ်းမသာ ဖြစ်လျက်ထ၍ပြင်းပြစွာငိုယိုကာ ထာဝရ ဘုရား၏ထံတော်သို့ဆုတောင်းပတ္ထနာပြု လေ၏။ (ထိုအခါဧလိသည်တံခါးအနီး မိမိထိုင်နေကျနေရာတွင်ထိုင်လျက်နေ သတည်း။-)
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 1
Cross References
1 Samuel 3:15ရှမွေလသည်မိုးလင်းသည်တိုင်အောင်အိပ် ရာတွင်နေပြီးမှ ဘုရားသခင်၏အိမ်တော် တံခါးများကိုဖွင့်၏။ သူသည်မိမိမြင်ရ သည့်ဗျာဒိတ်ရူပါရုံအကြောင်းကိုဧလိ အားမပြောဝံ့။-
Psalms 5:7ကျွန်တော်မျိုးအဖို့မှာမူကိုယ်တော်၏ကြီး မားသော မေတ္တာတော်ကိုခံစားရသဖြင့် အိမ်တော်သို့ဝင်နိုင်ပါ၏။ ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်တွင် ကိုးကွယ်ဝတ်ပြုကာ ကိုယ်တော်အားရိုသေလေးမြတ်စွာ ဦးညွှတ်ရှိခိုးနိုင်ပါ၏။
Psalms 29:9ထာဝရဘုရား၏အသံတော်သည် ဝက်သစ်ချပင်တို့ကိုတုန်လှုပ်စေတော်မူ၍ သစ်ပင်များမှအရွက်ရှိသမျှကိုကြွေစေ တော်မူ၏။ တစ်ချိန်တည်းမှာပင်``ဘုရားသခင်သည်ဘုန်း အသရေ ထွန်းတောက်တော်မူစေသတည်း'' ဟု ဗိမာန်တော်တွင်လူအပေါင်းတို့ကြွေးကြော် ကြ၏။