2 ဓမ္မရာဇဝင်ပထမစောင် 10:3
သင်သည်ထိုအရပ်မှနေ၍တာဗော်လွင်ပြင် ရှိ မြတ်သည့်ဝက်သစ်ချပင်သို့ရောက်သည်တိုင် အောင်သွားရမည်။ ထိုနေရာတွင်လူသုံးယောက် ကိုတွေ့လိမ့်မည်။ သူတို့သည်ဗေသလမြို့တွင် ဘုရားသခင်အားယဇ်ပူဇော်ရန်သွားကြ သူများဖြစ်၏။ သူတို့အနက်တစ်ယောက် သည်ဆိတ်သုံးကောင်ကိုဆွဲလျက်တစ်ယောက် ကမုန့်သုံးလုံးကိုကိုင်လျက်၊ အခြားတစ် ယောက်ကစပျစ်ရည်အပြည့်ပါသောသား ရေဘူးကိုဆောင်လျက်လာလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 10
Cross References
Genesis 28:19ထိုအရပ်ကိုဗေသလဟုနာမည်မှည့်ခေါ်လေ သည်။ (ယခင်ကထိုမြို့ကိုလုဇဟုခေါ်တွင်၏။)-
Genesis 35:1ဘုရားသခင်ကယာကုပ်အား``ဗေသလအရပ် သို့ယခုသွား၍နေထိုင်လော့။ သင်၏အစ်ကို ဧသောရန်ကိုကြောက်၍ထွက်ပြေးနေရစဉ်က သင်ဖူးတွေ့ရသောငါဘုရားအတွက်ပူဇော် ရာယဇ်ပလ္လင်ကိုတည်လော့'' ဟုမိန့်တော်မူ ၏။
Genesis 35:6ယာကုပ်သည်မိမိ၏လူစုနှင့်အတူ ခါနာန် ပြည်ရှိဗေသလမြို့ဟုခေါ်တွင်သောလုဇ မြို့သို့ရောက်ရှိလာလေ၏။-
Leviticus 3:6သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ၊ မိတ်သဟာယ ယဇ်အဖြစ်ပူဇော်လိုလျှင် အပြစ်အနာကင်း သောအထီးကိုဖြစ်စေအမကိုဖြစ်စေပူ ဇော်ရမည်။-
Leviticus 7:13ထိုမုန့်များအပြင် တဆေးထည့်၍ဖုတ် သောမုန့်များကိုလည်းဆက်ကပ်ရမည်။-