2 ဓမ္မရာဇဝင်ပထမစောင် 11:2
နာဟတ်က``ဣသရေလအမျိုးသားတစ် ရပ်လုံးအသရေပျက်စေရန် သင်တို့၏ညာ မျက်စိရှိသမျှကိုဖောက်ပစ်ခွင့်ပေးမှသာ ငါသည်သင်တို့နှင့်မဟာမိတ်စာချုပ်ချုပ် ဆိုနိုင်မည်'' ဟုဆို၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 11
Cross References
Genesis 34:14သူတို့က``ကျွန်ုပ်တို့၏နှမကိုအရေဖျားလှီး ခြင်းမင်္ဂလာမခံရသူနှင့်ထိမ်းမြားပေးခွင့် မရှိပါ။ ထိုသို့ပြုလျှင်ကျွန်ုပ်တို့အတွက် ရှက်ဖွယ်ဖြစ်ပါသည်။-
Numbers 16:14သင်သည်ငါတို့ကိုအစာရေစာပေါကြွယ် ဝသောပြည်သို့မပို့ဆောင်နိုင်သေးသည်သာ မက ငါတို့ပိုင်ဆိုင်ရန်လယ်ယာမြေနှင့်စပျစ် ဥယျာဉ်များကိုလည်းမပေးနိုင်။ သင်သည် ငါတို့အားလှည့်စားဦးမည်ကြံသလော။ ငါတို့သင့်ထံသို့မလာ'' ဟုဆိုကြ၏။
1 Samuel 11:10သူတို့သည်နာဟတ်အား``အကျွန်ုပ်တို့သည် အရှင့်ထံတွင် နက်ဖြန်အညံ့ခံကြပါမည်။ အကျွန်ုပ်တို့အားအရှင်ပြုလိုရာပြုနိုင် ပါသည်'' ဟုလျှောက်ကြ၏။
2 Kings 18:31ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်။ မြို့ထဲ မှထွက်၍လက်နက်ချကြရန် သင်တို့အားအာရှုရိ ဧကရာဇ်ဘုရင်အမိန့်တော်ရှိ၏။ သင်တို့အား ဧကရာဇ်ဘုရင်သည်သင်တို့၏ပြည်နှင့်တူသည့် ပြည်၊ ဆန်စပါး၊ စပျစ်ရည်သစ်နှင့်ပြည့်စုံသော ပြည်၊ မုန့်နှင့်စပျစ်ဥယျာဉ်ရှိသောပြည်၊ သံလွင် ဆီနှင့်ပျားရည်ရှိသောပြည်သို့မပို့ဆောင်မီ အတောအတွင်း၌ သင်တို့သည်မိမိတို့၏ စပျစ်ပင်များနှင့်သင်္ဘောသဖန်းပင်များမှ အသီးများကိုစားကြ၍ မိမိတို့၏ရေတွင်း များမှရေကိုလည်းသောက်သုံးခွင့်ရလိမ့်မည်။ ဧကရာဇ်မင်းအမိန့်ရှိသည်အတိုင်းလိုက် နာပါလျှင် သင်တို့သည်သေရကြမည်မဟုတ်။ အသက်ရှင်ခွင့်ရရှိကြလိမ့်မည်။ ထာဝရ ဘုရားသည်ငါတို့ကိုကယ်ဆယ်တော်မူနိုင် သည်ဟု သင်တို့ထင်မှတ်စေရန်ဟေဇကိ လှည့်စားသည်ကိုနားမထောင်ကြနှင့်။-
Jeremiah 39:7ဇေဒကိ၏မျက်စိများကိုထိုးဖောက်စေ၏။ ထိုနောက်သူ့အားဗာဗုလုန်မြို့သို့ခေါ်ဆောင် သွားရန်သံကြိုးများဖြင့်ချည်နှောင်ထား စေလေသည်။-