2 ဓမ္မရာဇဝင်ပထမစောင် 12:10
ထိုအခါသူတို့သည်ထာဝရဘုရားအား ကူမတော်မူရန် ဟစ်အော်လျက်`အကျွန်ုပ်တို့ သည်အပြစ်ကူးလွန်မိကြပါပြီ။ ထာဝရ ဘုရားကိုစွန့်ပယ်၍ဗာလဘုရားနှင့် အာရှ တရက်ဘုရားမတို့၏ရုပ်တုများကိုဝတ် ပြုရှိခိုးခဲ့ကြပါပြီ။ အကျွန်ုပ်တို့အားရန် သူများ၏လက်မှကယ်တော်မူပါ။ အကျွန်ုပ် တို့သည်ကိုယ်တော်ကိုဝတ်ပြုကိုးကွယ်ပါ မည်' ဟုလျှောက်ထားကြ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 12
Cross References
Judges 2:11ထိုအခါ၌ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားပြစ်မှားကာဗာလ ဘုရားများကိုကိုးကွယ်ကြလေသည်။-
Judges 3:7ဣသရေလအမျိုးသားတို့သည်မိမိတို့၏ ဘုရားသခင်ထာဝရဘုရားအားမေ့လျော့ သွားကြ၏။ ကိုယ်တော်ကိုပြစ်မှားကာဗာလ ဘုရားနှင့်အာရှရဘုရားတို့ကိုဝတ်ပြု ရှိခိုးကြ၏။-
Judges 3:15ထိုနောက်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားထံတော်သို့ဟစ်အော်ကြ သောအခါ ကိုယ်တော်သည်သူတို့ကိုကယ် ဆယ်မည့်သူတစ်ဦးကိုစေလွှတ်တော်မူ၏။ ထိုသူသည်ဗင်္ယာမိန်အနွယ်ဝင်ဂေရ၏သား၊ ဘယ်သန်သူဧဟုဒဖြစ်၏။ ဣသရေလ အမျိုးသားတို့သည်ဧဟုဒအားမောဘ ဘုရင်ဧဂလုန်ထံသို့လက်ဆောင်ပဏ္ဏာ များနှင့်အတူစေလွှတ်လိုက်ကြ၏။-
Judges 6:7ထိုအခါဣသရေလအမျိုးသားတို့သည် မိဒျန် အမျိုးသားတို့၏ရန်ကြောင့်မိမိတို့အား ကူမ တော်မူရန်ထာဝရဘုရားထံတော်သို့ဟစ် အော်လျှောက်ထားကြ၏။-
Judges 10:15သို့ရာတွင်ဣသရေလအမျိုးသားတို့က ထာဝရဘုရားအား``အကျွန်ုပ်တို့သည် အပြစ်ကူးလွန်မိကြပါပြီ။ ကိုယ်တော် အလိုရှိသည်အတိုင်းပြုတော်မူပါ။ သို့ ရာတွင်ယခုတစ်ကြိမ်သာလျှင် အကျွန်ုပ် တို့အားကယ်ဆယ်တော်မူပါ'' ဟုအသ နားခံကြ၏။-
1 Samuel 7:2ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် ကိရယတ်ယာရိမ်မြို့တွင်နှစ်ပေါင်းနှစ်ဆယ် တိုင်အောင်ကြာမြင့်စွာရှိနေလေသည်။ ထို အချိန်ကာလအတွင်း၌ဣသရေလအမျိုး သားတို့သည် မိမိတို့ကိုကူမတော်မူရန် ထာဝရဘုရားသခင်ထံဟစ်အော်လျှောက် ထားကြ၏။