2 ဓမ္မရာဇဝင်ပထမစောင် 12:13
``သင်တို့ရွေးချယ်သည့်ဘုရင်သည်ယခုသင် တို့ရှေ့မှောက်တွင်ရှိ၏။ သင်တို့တောင်းဆိုသည့် အတိုင်း ထာဝရဘုရားသည်သူ့ကိုဘုရင် အဖြစ်ချီးမြှောက်တော်မူလေပြီ။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 12
Cross References
1 Samuel 8:5``အရှင်သည်အသက်အရွယ်အို၍လာပါပြီ။ အရှင့်သားတို့သည်လည်းအရှင်၏လမ်းစဉ် ကိုမလိုက်ကြပါ။ သို့ဖြစ်၍အကျွန်ုပ်တို့ အားအုပ်စိုးရန်ဘုရင်ကိုခန့်ပေးပါ။ သို့မှ သာလျှင်အကျွန်ုပ်တို့တွင်အခြားတိုင်းပြည် များမှာကဲ့သို့ဘုရင်ရှိပါလိမ့်မည်'' ဟု လျှောက်ထားကြ၏။-
1 Samuel 10:24ရှမွေလကလူတို့အား``ထာဝရဘုရား ရွေးချယ်တော်မူသောသူကားဤသူတည်း။ ငါတို့တွင်သူနှင့်တူသူတစ်ယောက်မျှ မရှိ'' ဟုဆို၏။ လူအပေါင်းတို့သည်လည်း``အရှင်မင်းကြီး သက်တော်ရှည်ပါစေသော'' ဟုကြွေးကြော် ကြ၏။
Psalms 78:29သို့ဖြစ်၍လူတို့သည်ကျေနပ်အောင်စားရကြ၏။ ဘုရားသခင်သည်လည်းသူတို့စားလိုသော အစားအစာကိုကျွေးတော်မူ၏။
Acts 13:21သူတို့သည်ရှင်ဘုရင်တစ်ပါးခန့်ပေးရန် ရှမွေလအားတောင်းဆိုကြသဖြင့် ဘုရား သခင်သည်ကိရှ၏သားဗင်္ယာမိန်အနွယ်ဝင် ရှောလုကိုခန့်ထားတော်မူ၏။ ရှောလုသည် အနှစ်လေးဆယ်ပတ်လုံးနန်းစံတော်မူ သတည်း။-