2 ဓမ္မရာဇဝင်ပထမစောင် 13:5
ဖိလိတ္တိအမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့အားတိုက်ခိုက်ရန်စုဝေး ကြ၏။ သူတို့မှာစစ်ရထားသုံးသောင်း၊ မြင်း စီးသူရဲခြောက်ထောင်နှင့်သမုဒ္ဒရာသဲလုံး ကဲ့သို့မရေမတွက်နိုင်အောင် များပြားသော စစ်သည်တပ်သားများရှိသတည်း။ သူတို့ သည်ချီတက်၍ဗေသဝင်မြို့အရှေ့ဘက် ရှိမိတ်မတ်မြို့တွင်စခန်းချကြ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 13
Cross References
Joshua 7:2ယောရှုသည်ဗေသလမြို့အရှေ့ဘက်၊ ဗေသ ဝင်မြို့အနီးတွင်တည်ရှိသောအာဣမြို့ အခြေအနေကိုထောက်လှမ်းရန် လူအချို့ တို့ကိုယေရိခေါမြို့မှစေလွှတ်လိုက်လေ သည်။-
Joshua 18:12သူတို့၏နယ်မြေမြောက်ဘက်နယ်နိမိတ်သည် ယော်ဒန်မြစ်တွင်အစပြု၍ ယေရိခေါမြို့ မြောက်ဘက်ရှိတောင်စောင်းသို့တက်ပြီးလျှင် အနောက်သို့ဗေသဝင်တောကန္တာရတိုင် အောင်တောင်ကုန်းဒေသကိုဖြတ်သန်း သွားလေသည်။-
1 Samuel 14:23ဣသရေလအမျိုးသားတို့သည်ဖိလိတ္တိ အမျိုးသားတို့အား ဗေသဝင်မြို့လွန်အောင် လိုက်လံတိုက်ခိုက်ကြ၏။ ထိုနေ့၌ထာဝရ ဘုရားသည်ဣသရေလအမျိုးသား တို့အားကယ်တင်တော်မူသတည်း။
1 Samuel 17:1ဖိလိတ္တိအမျိုးသားတို့သည်ယုဒပြည်ရှောခေါ မြို့တွင်စုရုံးကာ ထိုမြို့နှင့်အဇေကာမြို့စပ် ကြားဧဖက်ဒမိမ်အရပ်တွင်တပ်ချထား ကြ၏။-
Isaiah 48:19သင်တို့၏သားမြေးများသည်သဲလုံးနှင့်အမျှ များပြားကြလျက်၊ ငါသည်လည်းသူတို့အားအဘယ်အခါ၌မျှ ပျက်ပြုန်းစေခွင့်ပြုလိမ့်မည်မဟုတ်။
Hosea 4:15``အသင်ဣသရေလပြည်သားတို့သည် ငါ့အားသစ္စာမဲ့ကြသော်လည်း ယုဒပြည် သားတို့သည်ထိုအပြစ်မျိုးကိုမကူး လွန်မိပါစေနှင့်၊ ဂိလဂါလမြို့သို့မ ဟုတ်ဗေသလမြို့များတွင်ဘုရားဝတ် ပြုခြင်းမပြုကြနှင့်။ ထိုမြို့များတွင် အသက်ရှင်တော်မူသောထာဝရဘုရား ၏နာမတော်ကိုတိုင်တည်၍ကျိန်တွယ် ပြောဆိုမှုမပြုကြနှင့်။-