2 ဓမ္မရာဇဝင်ပထမစောင် 14:1
တစ်နေ့သ၌ယောနသန်သည် မိမိ၏လက် နက်ကိုသယ်ဆောင်သူလူငယ်အား``ဖိလိတ္တိ တပ်စခန်းသို့ငါတို့ဝင်ရောက်ကြအံ့'' ဟု ဆို၏။ ယင်းသို့ဆိုသော်လည်းဂိဗာမြို့နှင့် မလှမ်းမကမ်းရှိမိဂြုန်ရွာ၊ သလဲပင်အောက် တွင်စခန်းချလျက်နေသောခမည်းတော် ထံမှခွင့်ပန်ခြင်းမပြုခဲ့။ မင်းကြီး၏ထံ တွင်လူခြောက်ရာခန့်ရှိသတည်း။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 14
Cross References
Judges 14:6ထာဝရဘုရား၏တန်ခိုးတော်သည်သူ့အား ရုတ်တရက်သန်စွမ်း၍လာစေတော်မူ၏။ သို့ ဖြစ်၍ရှံဆုန်သည်မိမိ၏လက်နှစ်ဘက်တည်း ဖြင့် ထိုခြင်္သေ့အားဆိတ်ငယ်ကလေးကိုဆွဲဖဲ့ သကဲ့သို့ဆွဲဖဲ့ပစ်လိုက်လေသည်။ သို့ရာတွင် သူသည်မိမိပြုခဲ့သည့်အမှုကိုမိဘတို့ အားမပြောဘဲနေ၏။
1 Samuel 14:39အပြစ်ရှိသူသည်ငါ၏သားယောနသန်ပင် ဖြစ်စေကာမူသေဒဏ်ခံရလိမ့်မည်ဖြစ် ကြောင်း ဣသရေလအမျိုးသားတို့၏ကယ် တင်ရှင်တည်းဟူသော အသက်ရှင်တော်မူ သောဘုရားကိုတိုင်တည်၍ငါကတိပြုပါ ၏'' ဟုမိန့်တော်မူ၏။ ထိုအခါအဘယ်သူ မျှပြန်လည်လျှောက်ထားခြင်းမပြုကြ သဖြင့်၊-
1 Samuel 25:19ထိုနောက်သူ၏အစေခံတို့အား``သင်တို့ရှေ့ မှသွားနှင့်ကြ။ ငါနောက်ကလိုက်ခဲ့မည်'' ဟု ဆို၏။ မိမိ၏ခင်ပွန်းနာဗလကိုမူအသိ မပေးချေ။
2 Samuel 1:25သူရဲကောင်းစစ်သည်တော်တို့ကျဆုံး ကြလေပြီ။ သူတို့သည်တိုက်ပွဲတွင်အသတ်ခံရကြ၏။ ယောနသန်သည်တောင်ကုန်းများပေါ်တွင် လဲ၍သေနေလေပြီ။