2 ဓမ္မရာဇဝင်ပထမစောင် 15:1
ရှမွေလသည်ရှောလုအား``ထာဝရဘုရား သည်မိမိ၏လူစုဣသရေလအမျိုးသား တို့၏ဘုရင်အဖြစ် သင့်အားဘိသိက်ပေးရန် ငါ့ကိုစေလွှတ်တော်မူ၏။ သို့ဖြစ်၍အနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ သောစကားကိုနားထောင်လော့။-
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 15
Cross References
1 Samuel 10:1ထိုနောက်ရှမွေလသည်သံလွင်ဆီဘူးကိုယူ ၍ ရှောလု၏ဦးခေါင်းပေါ်သို့သွန်းလောင်းပြီး လျှင် သူ့အားနမ်းရှုပ်လျက်``ထာဝရဘုရား သည်သင့်အား ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့၏ဘုရင်အဖြစ်ဘိသိက် ပေးတော်မူ၏။ သင်သည်ကိုယ်တော်၏လူမျိုး တော်ကိုအုပ်စိုးလျက် ရန်သူတို့၏ဘေးမှ ကာကွယ်စောင့်ရှောက်ရမည်။ ထာဝရဘုရား သည်သင့်အားကိုယ်တော်၏လူမျိုးတော်ကို အုပ်စိုးရသူအဖြစ်ဖြင့် ဘိသိက်ပေးတော် မူကြောင်းသက်သေကားဤသို့တည်း။-
1 Samuel 13:13ရှမွေလက``သင်ပြုသည့်အမှုသည်မိုက်မဲ သောအမှုဖြစ်၏။ သင်သည်မိမိ၏အရှင် ထာဝရဘုရားပေးတော်မူသောအမိန့် တော်ကိုနားမထောင်။ အကယ်၍နားထောင် ခဲ့ပါလျှင်ကိုယ်တော်သည်သင်နှင့်တကွ သင်၏သားမြေးတို့အားဣသရေလပြည် ကိုထာဝစဉ်အုပ်စိုးစေတော်မူမည်။-
2 Samuel 23:2ထာဝရဘုရား၏ဝိညာဉ်တော်သည်ငါ့အားဖြင့် မိန့်ကြားတော်မူ၏။ နှုတ်ကပတ်တော်သည်ငါ၏နှုတ်ဖျားတွင် တည်လျက်ရှိ၏။
1 Chronicles 22:12သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အားကိုယ်တော်၏တရားတော်အရ ဣသရေလနိုင်ငံကိုအုပ်စိုးနိုင်ရန်ထိုး ထွင်းဉာဏ်နှင့်အသိပညာကိုပေးသနား တော်မူပါစေသော။-