2 ဓမ္မရာဇဝင်ပထမစောင် 15:13
ရှမွေလသည်ရှောလုရှိသည့်အရပ်သို့ ရောက်သော်ရှောလုက``ကိုယ်တော်အားထာဝရ ဘုရားကောင်းချီးပေးတော်မူပါစေသော။ အကျွန်ုပ်သည်ထာဝရဘုရား၏အမိန့်တော် ကိုနာခံခဲ့ပါပြီ'' ဟုဆို၍ကြိုဆို၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်ပထမစောင် 15
Cross References
Genesis 14:19သူ့အားကောင်းချီးပေးလျက်``ကောင်းကင်နှင့်မြေ ကြီးကိုဖန်ဆင်းတော်မူသောအမြင့်ဆုံးသော ထာဝရဘုရားသည်အာဗြံအားကောင်းချီး ပေးတော်မူပါစေသော။-
Ruth 3:10ဗောဇကလည်း``သင့်ကိုထာဝရဘုရား ကောင်းချီးပေးတော်မူပါစေ။ ယခုသင်ပြု သောအမှုသည် ယခင်ကသင့်ယောက္ခမအား ပြုခဲ့သည့်အမှုထက်ပင်ပို၍ သင်၏သစ္စာရှိ မှုကိုပေါ်လွင်စေပါ၏။ သင်သည်ဆင်းရဲသူ သို့မဟုတ်ချမ်းသာသူ လူပျိုလူရွယ်တစ်စုံ တစ်ယောက်ကိုရှာနိုင်သော်လည်းမရှာခဲ့ပါ။-
1 Samuel 15:9သို့ရာတွင်ရှောလုနှင့်သူ၏တပ်သားတို့သည် အာဂတ်ကို အသက်ချမ်းသာပေး၍အဆူဖြိုး ဆုံးသောသိုးနွားများ၊ အလှဆုံးသောနွား သူငယ်သိုးသူငယ်များနှင့် ကောင်းမွန်သည့် အရာရှိသမျှတို့ကိုမဖျက်မဆီးကြ။ အသုံးမဝင်သောအရာ၊ တန်ဖိုးမရှိသော အရာများကိုသာလျှင်ဖျက်ဆီးပစ်ကြ လေသည်။
1 Samuel 23:21ရှောလုက``ဤသို့ငါ့အပေါ်တွင်ကရုဏာ ထားကြသည့်အတွက် သင်တို့အားထာဝရ ဘုရားကောင်းချီးပေးတော်မူပါစေသော။-
Proverbs 28:13မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။
Proverbs 31:31ထိုသို့သော မိန်းမကျင့်ရာ အကျိုးကိုပေးလော့။ သူပြုသောအမှုသည် မြို့တံခါးတို့၌ သူ၏အသရေကို ထင်ရှားစေသတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသောသတ္တံကျမ်းပြီး၏။